ep(11)💞

825 54 12
                                    

ပေကျင်းမြို့ရဲ့ဆင်းရဲသားရပ်ကွက်လို့ပြောရမဲ့အိမ်လေးများကြား..ဖောက်လုပ်ထားတဲ့လမ်းကတော့ လူတစ်ယောက်သွားလို့ရရုံလောက်ပါ။
ခုတခါ..ညချမ်းအချိန်အခါမှာ မူးယစ်ဆေးတွေပါတဲ့ ကျောပိုးအိတ်ကိုလွယ်လို့..
ကျန်းချန်း ချိန်းဆိုထားတဲ့ဝယ်လက်နေရာကိုသွားရောက်နေခြင်းမျိုး...

'ငါစိတ်ရှည်ရမယ် ပြီးတော့ ငါ့ရဲ့တာဝန်တွေကျေပွန်မှ နိုင်ငံအတွင်းမူးယစ်သမားတွေကို ငါဖမ်းဆီးနိုင်မယ်'

တဖြည်းဖြည်းနဲ့ညက နက်သည်ထက်နက်လာခဲ့ပြီး...
အိမ်နံပါတ် (555) ကိုရှာဖွေရင်းလာလိုက်တာ..နောက်ဆုံးတော့ စတိုးဆိုင်ဘေးကအိမ်ဖြစ်နေတာ သူတွေ့လိုက်တယ်။
ဒါနဲ့ပဲ ကျန်းချန်း အချိန်မဆွဲတော့ပဲ လူခေါ် bill ကိုနှိပ်လိုက်ချိန် ထွက်ကြည့်လာတဲ့ လူတစ်ယောက်..
''မင်းက..မစ္စတာချန်းလား။''

''ဟုတ်ပါတယ်.. ကျွန်တော်မစ္စတာချန်းပါ။''

''ဝင်ခဲ့...''

ပြောပြီးအိမ်ထဲလှည့်ဝင်သွားတဲ့ ထိုလူရဲ့နောက် ကျန်းချန်း လိုက်ဝင်သွားခဲ့တယ်။

အိမ်ရဲ့အတွင်းပိုင်းအခန်းထဲမှာတော့ အနက်ရောင်ဝတ် လူသုံးဦးထိုင်စောင့်နေကြတယ်။

ထိုလူသုံးဦးထဲမှာမှ ကျန်းချန်းကို စူးစိုက်ကြည့်နေတဲ့မျက်ဝန်းတစုံကို လျှာထိုးဦးထုပ်အောက်က သူမြင်ဖြစ်အောင်မြင်လိုက်သေးတာ။

'သူက..သူက..စုန်ချင့်ပဲငါနဲ့ ကျောင်းနေဖက်သူငယ်ချင်းကြီးအရင်းခေါက်ခေါက်ပါ..'

မသိမသာ..ပြုံးမလိုကွေးသွားတဲ့ စုန်ချင့်ရဲ့နှုတ်ခမ်းတွေက အေးစက်စက်အတိ..

''ပါလာတဲ့ဆေးတွေကို ငါတို့အကုန်ယူမယ်''
စုန်ချင့်ဘေးက တစ်ယောက်က ထိုစကားကိုပြောလိုက်တာကြောင့်..

''နေပါအုံး...မမလေးချူစဲ့အန်းက မရောင်းရဘူးလို့ အမိန့်ထုတ်ထားတယ်။
သူမမကြာခင် ရောက်မယ်..သူမကပြောတယ် ပစ္စည်းအသစ်ပါ ပြချင်လို့တဲ့။''

''မစ္စတာချန်း..ခဏအနားယူပါအုံး
မမလေးချူစဲ့အန်းက မကြာခင်လာတွေ့ပါလိမ့်မယ် သူမအခု လမ်းခရီတဝက်ရောက်နေပါပြီ။''

different love knot💞Where stories live. Discover now