ep(14)💞

610 40 4
                                    

''စခန်းအတွင်းက cctv တွေအကုန်စစ်စမ်း
နင်တို့တွေ နည်းနည်းလေးမအားလိုက်နဲ့
ဖဲကစားဖို့ပဲသိတဲ့ဟာတွေ...''

''တောက်စ်...''

''ငါခဏလောက်အလုပ်ကိစ္စဆွေးနွေးနေတာ သူကဘယ်လိုလုပ်ပြီး
လွတ်သွားရတာလည်း ရှာကြစမ်း
လုံးဝမတွေ့မချင်းပြန်မလာကြနဲ့....သူဒီအနီးအနားမှာပဲရှိလိမ့်မယ်''

''မဒမ်ချူ... စခန်းထဲက cctv တွေအားလုံး
အလုပ်တစ်ခုမှမလုပ်ဘူး။
ပြီးတော့... ခေါင်းဆောင်ယွင်ကို ရဲတွေဖမ်းသွား​ကြတယ်။''

''ဘာ....ငါ့လက်ထောက် ယွင် အဖမ်းခံရတယ် ဟုတ်လား...
မင်ချန်ကို သွားရှာလာခဲ့ သွား မြန်မြန်သွား။''

သူမအနားကထွက်သွားတဲ့ တပည့်ဖြစ်သူမှာ ငါးမိနစ်ပင်မကြာဘူး..သူမအနားပြန်ရောက်လာပြီး...
''မင်ချန်က ဆေးကွဲနေတယ် မဒမ် သူထနိုင်မယ်မထင်ဘူး။
ပြီးတော့ ပြီးတော့...လေ''

''စကားကိုအမြန်ပြော....
ဘာအကြောင်းမို့ စကားမထွက်ပဲ ထစ်နေရတာလည်း မြန်မြန်ပြောစမ်း။''

''တောင်းပန်ပါတယ် မဒမ်..
ရဲတွေ စခန်းထဲ ရောက်နေပြီ မဒမ်ကို လာဖမ်းတာမို့ အချိန်မရှိတော့ဘူး ပြေးတော့။''

''ဘာ....''

''ငါ့ကို ဘယ်သူလုပ်ကြံတာလည်း ဒါငါ့ကို
မကောင်းကြံတာ''

ပြောရင်းနဲ့ပဲ ချူစဲ့အန်း
ထွက်ပြေးခဲ့ပြန်တယ်။
လက်ထဲ ပစ်စတိုသေနတ်တစ်လက်ကိုင်ပြီး ရေဆိုးထွက်ပေါက်မြောင်းကနေ သူမ
ကိုယ်သူမလွတ်အောင်ပြေးခဲ့တော့တယ်။

စခန်းတစ်ခုလုံးကတော့ အားလုံးအဖမ်းခံရပြီး ဘိန်းချက်စက်ရုံကြီးမှာ မီးလောင်ကျွမ်းခဲ့တော့သည်။

ဒီအချင်းအရာကြီးကို phone ထဲမှတဆင့်မြင်နေရတဲ့ ရှောင်ကျန့်ကတော့ အပြုံးများဖြင့်
ဝိုင်သောက်မပျက်ပေ...
''ဟားဟားဟား... မင်းဘဝကြီး ဒီထက်ပို​ပြီး စုတ်ပြတ်အောင် ဖြစ်တော့မှာပါ ချူစဲ့အန်း
ငါမင်းကို ဒီတသက်ကမ္ဘာမကျေဘူးမှတ်..''

တူမဖြစ်သူကို အခန်းလေးထဲ သိပ်ထားတဲ့သူ...ဒါပေမဲ့ ရှောင်ကျန့်ရဲ့အပြုံးတွေကအသက်ခပ်မဲ့မဲ့နေရာယူလျှက်..
''ကျဲ ငါမင်းအတွက်လက်စားပြန်ချေပေးမယ်... မကြာခင်အချိန်မှာပေါ့ဟာ ဒါကြောင့် တူမလေးရဲ့အနားမှာ ငါမရှိရင် စောင့်ရှောက်ပေးထါးပါနော်.. ငါသူ့ကို ရှာတွေ့ပြီ
ကျဲ ဟိုသစ္စာမရှိတဲ့ကောင်ကိုပါ ငါပြန်ပြီး
ဆုံးမပေးမှာမို့ ကျဲစိတ်ချတော့နော်။''

different love knot💞Kde žijí příběhy. Začni objevovat