ep(6)💞

824 61 4
                                    

ဟောင်ကောင်ရဲတွေဆီ သတင်းရောက်လာတဲ့အတွက် ဒုစရိုက်သမား
ဟွိုက်ချန်းကို လိုက်လံဖမ်းဆီးနေတဲ့ ရဲတွေကြောင့် ဟွိုက်ချန်းဟောင်ကောင်ကနေ ဂျပန်ကို တိမ်းရှောင်ရပြန်ပြီ။

''စောက်ရေးထဲ နိုင်ငံကူးလက်မှတ်က ကျပျောက်သွားသေး..ချီးလိုပဲ သောက်ဘဝကြီးက ဂွကျကျနိုင်လွန်းတယ်။''
ဟွိုက်ချန်းတစ်ယောက် စိတ်တိုသမျှ ပါးစပ်ကပွစိပွစိနဲ့ရေရွတ်လျှက်..
သူ့ရဲ့ ဖုန်းကိုထုတ်ပြီး.. သူ့တပည့်တွေဆီ
ဖုန်းခေါ်ကာ ''ငါ့ကိုမြန်မြန်လာခေါ် မင်းတို့ကောင်တွေ အချိန်ကိုအလကားမလုပ်နဲ့
စောင့်ရတဲ့အလုပ်ကို ငါအမုန်းဆုံးပဲ.. shit!
သောက်ခွေးမသားတွေ..အမြဲတမ်းအလုပ်လုပ်ရင် အချိန်စောစောမရောက်ဘူး။''

.
.
.
ဝမ်ရိပေါ်တစ်ယောက်.. သူ့ညီအိပေါ်လာနှိုးတော့မှ အိပ်ယာကနိုးလာခဲ့တယ်။

''ကောဝမ် ထတော့ စားစရာရှိတာစားပြီးမှ ကောပြန်အိပ်နော်..ဒီနေ့ မေ့မေ့လဲ ကျောင်းပိတ်တော့ အိပေါ်တို့ အိမ်ပြောင်းကြမယ်ကော။''

''ဘာလို့လဲ အိပေါ်...''

''ကောက လူမိုက်တွေအကြောင်း မသိပါဘူး။
ကောရာ မသေကောင်းမပျောက်ကောင်း
အိပေါ်သိပြီးပြီ..ကောအမှားမဟုတ်ပေမဲ့
အဲ့ဒီလူမိုက်တွေက ဒုစရိုက်သမားတွေနဲ့အဆက်အသွယ်ရှိတယ် သူတို့ကောကို
နောက်ထပ်အန္တာရာယ်မပေးနိုင်ဘူးလို့ အာမ မခံနိုင်ဘူး။
အိပေါ်ပြောတာကြားလား...''

''အိမ်က ပြောင်းဖို့ ကောဆီမှာပိုက်ဆံမှမရှိတာ အိပေါ်လေးရယ်။''

''အိပေါ်ရဲ့ အသိအိမ်ရှိတယ် ကော..
ခဏနေ အိမ်ပြောင်းကြမယ်ကော။''

''အင်းပါ..ကော သဘောတူပါတယ်။အိပေါ်စိုးရိမ်စိတ်ဖြစ်နေတာပါ ကောနားလည်ပါတယ်။''

ညီမဖြစ်သူကို နှိုးပြီး ယူစရာရှိတာတွေယူကာ အိပေါ်လေး သူ့အကိုဝမ်ရိပေါ်ကို
ကားပေါ်တွဲတင်ပေးပြီး တိုက်ခန်းလေးကို
သော့ခတ်ကာ အိမ်ပြောင်းသွားတော့တယ်။တိုက်ခန်းနံပါတ် 528 လေးဟာ အထီးကျန်စွာ ကျန်ရှိခဲ့လေပြီ။
.
.
.
.ဂိုဒေါင်ဟောင်းတစ်ခုကို လွန်ခဲ့တဲ့နှစ်ကတည်းက ဝယ်ယူခဲ့ပြီး ပြန်လည်ပြုပြင်ထားခဲ့တဲ့ ဒီနေရာလေးဟာ ဝမ်အိပေါ်ရဲ့နေထိုင်ရာနေရာလေးပါ။
မြေအောက်ခန်းဘက်ထဲ သေချာစီမံဆောက်လုပ်ထားတဲ့ ထိုနေရာကို ပြောင်းရွေ့လာတဲ့အတွက် သူ့အကိုနဲ့ညီမဖြစ်သူကို အိပေါ်စိတ်ချလက်ချထားထားလို့ရပြီလေ။

different love knot💞Where stories live. Discover now