ep(1)💞

4.6K 151 4
                                    

ပေကျင်းမြို့ကိုနယ်ကနေပြောင်းလာခဲ့ရပေမဲ့ ကျင်အာလေးမပျော်ပါဘူး။

"ကောကောဝမ်..ကောကော.."

ညီမငယ်ရဲ့စကားသံတချို့ကြောင့် ဝမ်ရိပေါ်ကားမောင်းနေရင်း မေးမိပြန်တယ်
''ကျင်အာ မေ့မေ့ ဘာဖြစ်လို့လဲ..ကောကိုပြော။''

''ကောကောဝမ် ပါးပါးက တကယ်ပဲအန်တီကြီးနဲ့လက်ထပ်သွားတာလား..ဟင်။''

အသက်ဆယ်သုံးနှစ်အရွယ် ကျင်အာလေးရဲ့အမေးကို ဝမ်ရိပေါ်မဖြေချင် သူသိတယ်
ဒီအဖြေကိုကြားပြီး သူ့ညီမလေး ငိုတော့မယ်ဆိုတာ။

''မေ့မေ့လေး..အခုကောနဲ့ မြို့ကိုလိုက်လာခဲ့ရတာ နေမပျော်လို့လား။မေ့မေ့လေးကို ဒီကောကောက အရမ်းချစ်ပေးပြီး စိတ်ပျော်အောင်ထားပေးမှာမို့ ကောစကားနားထောင်ရမယ်နော် ကြားလား။''

"ဟုတ်..ကောကော "

ထိုနေ့လေးမှာတော့ ဝမ်ရိပေါ်ရဲ့အမေပေးထါးခဲ့တဲ့အမွေတိုက်ခန်းလေးရှိရာဆီ.
မောင်နှစ်မနှစ်ယောက်ရောက်လာခဲ့ခြင်းပါ။

ရိပေါ်လေးရဲ့မား ဆုံးတာ နှစ်လတောင်မပြည့်သေး အဖေဖြစ်သူက သူ့ရဲ့ငယ်ရည်းစားနဲ့လက်ထပ်ခဲ့ပြန်တယ်။
ဒါကြောင့် ရိပေါ်နဲ့ အချေအတင်စကားများရာမှ နောက်ဆုံးအိမ်ပေါ်ကနေ ညီမဖြစ်သူကိုပါ တပါတည်းခေါ်လာခဲ့ခြင်းပါ။

မိထွေးတို့မည်သည်မှာ ဘယ်သောအခါမှကောင်းမည်မဟုတ်နိုင်ပါ။ရှေ့တမျိုးကွယ်ရာတမျိုး ထိုဒဏ်တွေကို သူ့ညီမလေးဖြစ်သူကို မခံစားစေချင်လို့ ရိပေါ်ခုလိုလုပ်လိုက်ရခြင်းပဲ။

'အမွေပျက်စွန့်လွှတ်တယ်တဲ့..အဟက်
ဒီကကောင်ကလည်း အဲ့ဒီပစ္စည်းတွေ စည်းစိမ်တွေကိုမက်မောတာမှမဟုတ်တာ
ဒါကြောင့် ဂရုမစိုက်ဘူး။'

လူတစ်ဦးတစ်ယောက်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာရှိပါတယ်။ဒါကလည်း
လွတ်လပ်ခွင့်ကိုအကြောင်းပြပြီးဖောက်လွှဲဖောက်ပြန်လုပ်နေတဲ့ လူတွေအဖို့ အကြောင်းပြချက်ကောင်းတခုဆိုရင် အမှန်ဆုံးစကားပဲ။
ဘဝ..လွယ်ကူတယ်မထင်လိုက်နဲ့
အဲ့ဒီစကားလုံးရဲ့အဓိပ္ပါယ်က ရည်ညွှန်းချက်များစွာနဲ့...
ခုဆိုရင် မြို့ပြရဲ့အငွေ့အသက်တွေပြည့်နေတဲ့ ကားလမ်းတွေက ကားပိတ်လျှက်ရှိပြန်တယ်။
အလုပ်သွားချိန်ဆိုရင်ပိုလို့တောင်ဆိုးသေး။
ခုဆိုရင် ညီမဖြစ်သူကို အုပ်ထိန်းရမဲ့တာဝန်တခုက ပိုလာခဲ့ပြီမဟုတ်လား။
သူ့အဖို့က လွယ်ကူမနေပေမဲ့ ညီမဖြစ်သူက သူ့ရဲ့တစ်ဦးတည်းသော မိသားစုလေးမို့ ရိပေါ်အလုပ်ရှာရအုံးမယ်။

different love knot💞Where stories live. Discover now