ep(19)💞

339 20 2
                                    

ရှောင်ကျန့်အရဲစွန့်လို့မဖြစ်တော့သည့်အခြေအနေမှာ..
ထိုဗုံးရဲ့ ကြိုးများမှာ အရမ်းရှုတ်ထွေးရုံမကဘူး
ထပ်ဆင့်အရံကြိုးတွေက များသည့်အတွက် သူ့မှာ
ကြိုးဖြတ်ဖို့ရာ အချိန်မရှိပြန်ဘူး။

ရွေးလျားနေသည့် ဂဏန်းအရေအတွက်တွေ နည်းလာတာနဲ့အမျှ ဟိုမိန်းမကြီးကတော့ ပိုမို၍ကြောက်မိနေရှာတာ။

''တခုပဲ ကျွန်တော်ဘက်က အချက်ပြတာနဲ့ ခင်ဗျား
အောက်ခြေရှိရာဘက် ပြောရမယ်ဆိုရင်ကွာ ရေကူးကန် ရှိတဲ့နေရာကိုခုန်ချရမယ် ကြားလား။''

''အမြင့်ကြီးပဲ..''

''တစ်စစီအဖြစ်ခံပြီးသေမလို့လား ဒါဆိုရင်...''

''ဟုတ်ကဲ့.. ခုန်ချလိုက်ပါ့မယ် ဗိုလ်ကြီး...''

''ကောင်းပြီ အချိန်သိပ်မကျန်တော့ဘူး..
အသင့်ပြင်ထား...''

''ဟုတ်ကဲ့..''

''1,2,3..ခုန်တော့..''

ဟိုမိန်းမကြီးမှာကြောက်ကြောက်နဲ့ပဲ ထိုတိုက်ပေါ်ကနေခုန်ချသွားခဲ့ပေမဲ့ အဲ့အစား စနိုက်ပါရဲ့ပစ်ချက်ကို ရှောင်ကျန့်တစ်ယောက် ထပ်မံ၍ခံခဲ့ရပြန်တယ်။

ဒီတစ်ခါသူကျည်မှန်သွားသည့်နေရာကတော့..
လက်ဖျံရိုးနားမှာပါ။

''အာ့..''

ဗုံးမှာကျန်ရှိနေတဲ့ စက္ကန့်ကတော့ 1 ဆိုသည့်ဂဏန်းသာဖြစ်သည်။

ရှောင်ကျန့် ဘာမှ ထွေထွေထူးထူးတော့ မတွေးတော့ပေ သူအဲ့ဒီကနေထွက်ဖို့အတွက် နောက်ထပ်အချိန်ကမကျန်ရှိတော့ပါ..
ဒါကြောင့် ခုန်ချဖို့အတွက် သူကြံဆောင်ရပြန်ပြီ..

မုန်ကျန်းရဲ့တပည့်ကတော့ ကျည်ဆံ တစ်တောင်သာကျန်တော့သည့်အနေအထားမှာပါ..
သူ့ရဲ့ ပစ်ကွင်းကို သူချိန်ရွယ်ထားဆဲပဲ..

''လုပ်စမ်းပါ.. မင်းအတွက် ငါကောင်းတဲ့လက်ဆောင်မျိုးပဲ ပေးချင်ခဲ့တာပါ..
ဒီကျည်ဆံက မင်းအတွက်နောက်ဆုံးဖြစ်စေရမယ်လို့ ငါအာမခံတယ် အဟက်။''

ရှောင်ကျန့်မှာမုဏ်ကျန်းဆီမှသူ့တပည့်ထံဝင်လာတဲ့ဖုန်းကြောင့်ပဲ အခွင့်အရေးရခဲ့ပေမဲ့ ဗုံးက အပေါက်နဲ့..
ထိုတိုက်ပေါ်ကခုန်ချချိန်နဲ့တိုက်ဆိုင်သွားတော့
ဗုံးစတချို့ ရှောင်ကျန့်ထံ စင်မှန်ကုန်သည်။

different love knot💞Where stories live. Discover now