ep(13)💞

611 40 4
                                    

ကုန်တိုက်ရဲ့ ကုန်သည်ယာဥ်တွေကတော့
ပေကျင်းရဲ့ အထူး ဆိပ်ကမ်းမှာ ပစ္စည်းအရောက်ကို စောင့်ဆိုင်းနေခဲ့သည်။သူတို့က
မှောင်ခိုပစ္စည်းသယ်သည့်ယာဥ်များပဲ..
ယခုအလုပ်ကိုလုပ်ကိုင်နေသည့် သူဌေးဟွမ်းကတော့ အလုပ်အစုံကိုသူကလက်ခံတယ်။
မှောင်ခိုစျေးကွက်နဲ့ပက်သက်ရင် သူက
အမြဲရှေ့ဆုံးကစီးပွားရှာပြီးသားပဲ။

''သူဌေးဟွမ်း လုံရန်တို့အဖွဲ့ဆီက ဖုန်းဝင်လာလို့..''

ဇိမ်ခံအနှိပ်ခန်းရဲ့ကုတင်ငယ်ပေါ် မှောက်ရက်အနေအထားရှိနေတဲ့ သူဌေးဟွမ်းဆိုသူထံ ဖုန်းကိုအရိုအသေပြုပေးလာတဲ့
လက်ထောက် ဂင်ဆောင်းမီ..

''ဝဲ.လ်...''(hello)

''ဘယ်လိုလဲ သူဌေးဟွမ်း... ကုန်တင်သင်ဘောဆီမှာ မှောင်ခိုလက်နက်တွေ အများကြီးပါတာကို ဘာလို့ငါ့ကို လိမ်ပြောခဲ့ပါလိမ့်။''

''လုံရန်...ငါမပြောချင်လို့မဟုတ်ဘူး။
ငါနဲ့လက်တွဲ အလုပ်လုပ်နေတဲ့ မဒမ်ချူက
အလုပ်အ​​ကြောင်းကိုဘယ်သူ့ကိုမှ မသိစေချင်တဲ့အတွက် ငါမင်းကိုမပြောခဲ့တာပါ။
မင်းနဲ့ငါ အလုပ်လုပ်လာတာ ကြာပြီပဲ..
ငါ့အကြောင်းကို မင်းကသာ အသိဆုံးပါကွာ။''

''အချိုသပ်နေတာလား...မစ္စတာဟွမ်း
ခုလောလောဆယ် မင်းရဲ့ပစ္စည်းတွေက ငါ့ရဲ့လက်ထဲမှာနော်....''

''လုံရန် မင်းဘာကိုလိုချင်တယ်ဆိုတာသာ ငါ့ကိုရှင်းရှင်းပြောပါ ကွေ့ပတ်မနေနဲ့။''

''ငါ...မဒမ်ချူနဲ့တွေ့ချင်တယ် မင်းစီစဥ်ပေး။''

''Ok...ကောင်းပြီလေ ငါစီစဥ်ပေးမယ်။''

3..day later...
ပေကျင်း...အိုလံပစ်အားကစားကွင်းကြီးရှိရာဆီ သတင်းသမားများ အားကစားသမားများနဲ့ပရိသတ်များစွာစည်စည်ကားကား
နဲ့ရှိလို့နေ​ပြန်တယ်။
ထိုအထဲမှာမှ လုပ်ကြံရေးသမားများ ရောနှောပါနေသည်ကို မည်သူကမှသိရှိခဲ့
ခြင်းမရှိပေ။

''တိုက်ရိုက်သတင်းအစီအစဥ်ပါရှင်...အားလုံးပဲ မင်္ဂလာပါ ခုတင်ဆက်ပေးမှာကတော့ နွေဦးလှေလှော်ပွဲတော်အကြောင်းပဲဖြစ်ပါတယ်ရှင်။''

''ထိပ်သီးသမ္မတကတော့ နွေဦးလှေလှော်ပွဲဦးထွက်မှာ လာရောက်အားပေးမှာပဲဖြစ်ပါတယ်ရှင်....
ခုလို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ news CN
သတင်းလိုင်းကနေ ကြည့်ရှု့နေတဲ့ ပရိသတ်အပေါင်း ဆက်လက်အားပေးကြည့်ရှု့ပေးပါရန် ဖိတ်ခေါ်လိုက်ရပါတယ်ရှင်
အတူတူ ကြည့်ကြမယ်နော်.. ပြိုင်ပွဲကို...''

different love knot💞Where stories live. Discover now