ep(15)💞

608 43 4
                                    

လွတ်သွားတဲ့ ချူစဲ့အန်းကို ရဲတွေဘက်က
ဝရမ်းထုတ် ရှာဖွေတဲ့အတွက် သူမအဖို့က
လွတ်ရာကိုသာ ပုန်းရှောင်နေရတယ်။

မင်ချန်ဆိုတဲ့အကောင်ကို ခုတခါမှာ
အချုပ်ခန်းထဲ စစ်မေးနေတဲ့ ရှောင်ကျန့်။

''ငါ့ကို အမှန်အတိုင်းဖြေရင်ကောင်းမယ်
မင်ချန် ...အာ မင်းနာမည်အရင်းက ဟွိုက်ချန်း မဟုတ်လား။''

ပေကပ်ကပ်မျက်နှာပေးနဲ့ မဲ့နေခဲ့တဲ့ မင်ချန်ကတော့ ရှောင်ကျန့်ရဲ့အမေးကို ဖြေမဲ့ပုံမပေါ်ဘူး ပေကပ်ပြီးနေနေတယ်။

''အဟက်...ငါ့ရဲ့သည်းခံတဲ့စိတ်ကို ရန်စလိုက်တာလား မင်ချန်။
ခုပြော....မင်းတို့ရဲ့ အဓိက ခေါင်းဆောင်ဘယ်သူလဲဆိုတာ ငါသိချင်တယ်။''

''မဖြေဘူး...ငါမသိဘူး။''

''ရတယ်လေ မင်းရဲ့ကောက်ကျစ်မှုတွေကြောင့် ငါ့ရဲ့အမ သေခဲ့ရတာမဆန်းတော့ဘူးလေ ဒါပေမဲ့ မင်းကိုသိအောင်ငါပြောမဲ့စကားတစ်ခွန်းရှိသေးတယ် မင်းနားထောင်ချင်လား။
ဒါမှမဟုတ် အရမ်းသိချင်လား....''

မင်ချန်ရဲ့မျက်လုံးထဲ အရောင်လက်သွားပေမဲ့ ရှေ့ဆက်စကားမပြောတော့တဲ့ရှောင်ကျန့်ကြောင့် သူ့ဘက်က ငေးပြီး... မျှော်လင့်နေသလို...အနေအထားမှာ။

''အပေးအယူသဘောမျိုးပေါ့ မင်ချန်...
မင်းက မင်းကလေးဆုံးပြီလို့ခံယူထားတယ်မဟုတ်လား။
မင်းသိပ်ကိုမှားတဲ့အတွေးတွေ တွေးလိုက်တာပဲ မင်ချန်။
ငါ့တူမလေးအသက်ရှင်တယ်ဆိုတာ မင်းမသိခဲ့တာ ငါသိပ်ဝမ်းသာတယ်။''

ရှောင်ကျန့်ရဲ့စကားကိုကြားပြီးတော့
မျက်ဝန်းတွေထဲ ချက်ချင်းအရည်လဲ့သွားခဲ့တဲ့ မင်ချန်....
''ဘာ...ဒါဆိုရင် ငါ့ရဲ့သမီးအသက်ရှင်တယ်ပေါ့ဟုတ်လား ဟမ်း...ဟုတ်လားလို့။''

''မင်းပါးစပ်ကိုပိတ်လိုက် မင်ချန်...
မင်းရဲ့ပါးစပ်က သမီးလို့ခေါ်ခွင့်ရှိလို့လား..
တန်လို့လား ခွေးမသားရဲ့။
မင်းကြောင့် ငါ့အမစိတ်ဆင်းရဲပြီး ဆေးသောက်သေခဲ့တာ ကံကောင်းလို့ ငါ့တူမလေးကအသက်ရှင်ခဲ့တာ မင်းရဲ့ရက်စက်မှုတွေကြောင့်ကွ...
တောက်စ်..ဒီနေရာမှာ မင်းနဲ့ငါနှစ်ယောက်တည်းဆိုရင် ငါမင်းကိုသတ်မိလိမ့်မယ် သိထား။''

different love knot💞Tahanan ng mga kuwento. Tumuklas ngayon