ep(4)💞

1K 76 2
                                    

ရှောင်ကျန့် သူ့ရဲ့လက်ကဒဏ်ရာကို သက်သာအောင်နေပြီးမှ ပေကျင်းကအိမ်ကိုပြန်လာခဲ့တယ်။
ကြားမှာ အချိန်တပတ်လောက်ကြာသွားခဲ့တယ်။တပတ်အတွင်းမှာ သူဟွိုက်ချန်းဆီကရထားတဲ့ ဆေးရဲ့ဖော်မြူလာနဲ့ ပေါက်ကွဲပြင်းအားစစ်လက်နက်ရဲ့ သတင်းတွေကို
သူစုံစမ်းကြည့်နေတယ်။
အင်တာနက်ပေါ်က သတင်းတွေမှာတော့
သူရထားတဲ့ ပစ္စည်းတွေအကြောင်းရှာမတွေ့ပါ။
ဒါဆိုရင် လျှို့ဝှက်ပြီး လုပ်ဆောင်တဲ့အလုပ်တွေများလား။

ဘယ်လိုမှဖော်လို့မရတဲ့ ကုဒ်တွေကြောင့်
ရှောင်ကျန့်အကြပ်ရိုက်နေပြန်တယ်။
သူ Hacker တစ်ယောက်လောက်ရမှဖြစ်မယ်..ဒါမှသူသိချင်တဲ့အချက်အလတ်တွေရမှာ ဒီတော့...
''ဟောက်ရွှမ်း ငါ့ကို Hacker တစ်ယောက်
လောက်ရှာပေးစမ်းပါ။နှုတ်လုံရမယ် ကျွမ်းကျင်ရမယ် ပြီးတော့ ငါနဲ့သူ အလုပ်တွဲလုပ်ဖို့အတွက် လူလွတ်လဲဖြစ်ရမယ်။
ပေကျင်းရောက်ရင် ရှာထားလိုက်။''

''ဟုတ်ကဲ့ခေါင်းဆောင်..''

.
.
.

မြို့ပြရဲ့အငွေ့အသက်တွေထဲ မနက်ခင်းအိပ်ယာနိုးလာတဲ့ မောင်နှမသုံးယောက်
ကတော့ စောစောစီးစီးလည်းရယ်သံလေးများနဲ့ပါ။
အကိုနှစ်ယောက်ရဲ့မျက်နှာပေါ် ရေခဲတုံးတွေတင်ပြီး ခေါ်နှိုးနေတဲ့ ကျင်အာလေးကြောင့် ရိပေါ်နဲ့အိပေါ် ညီမဖြစ်သူကို ကလိဝိုင်းထိုးကြပြန်ရော...

''ခစ်ခစ်ခစ်.. ဟ..ဟ..ဟ..ခစ်ခစ်ခစ်
အာ..ကောကောဝမ်..ကောကောအိပေါ်
မေ့မေ့မောနေပြီ မစတော့ဘူး ရပ်ပေးပါ။''

ကလိထိုးတာရပ်သွားတဲ့နောက်..
''ကောကောဝမ်..ကောကော
မနေ့က ကောကောအိပေါ်က ကားနဲ့ဝင်တိုက်တာခံရတာကို မေ့မေ့တွေ့တယ်။''

အငယ်မလေးက သူရဲ့အကိုဖြစ်သူ ဝမ်ရိပေါ်ကို တိုင်နေတဲ့အတွက် ရိပေါ် သူ့ညီငယ်ကိုကြည့်ပြီး..
''ဟုတ်လား..အိပေါ် ကျင်မေ့ပြောတာ
ဟုတ်သလား။''

''အင်း..ဟုတ်တယ် ကော..မတော်တဆပါ
အိပေါ်ဘာမှမဖြစ်ပါဘူး ပွန်းမိရုံလောက်ပါပဲ။''

''ဂရုစိုက်ပါ အိပေါ်ရာ.. မေ့မေ့ကိုမင်းပဲဂရုစိုက်နေရတာ မင်းတခုခုဖြစ်လို့မရဘူးနော် ကောပြောတာကြားလား။''

different love knot💞Where stories live. Discover now