ep(18)💞

293 21 2
                                    

သင်ဘောဆိပ်ကိုရောက်တော့ မန်နေဂျာမနဲ့သူ့လက်ထောက်တို့မှာ အခြေအနေအကဲခတ်နေပြန်တယ်။

''ဒီပစ္စည်းတွေက အမှန်ပဲ..ဟိုရဲအပ်ထားတဲ့ ဟာတွေပဲ ခေါင်းဆောင်ဆီအမြန်အပ်ခဲ့ ငါကျန်နေခဲ့မယ် မင်းသွားတော့။''

''ကောင်းပြီလေ...တာဝန်ကျေတယ် ချွမ်း။''

ရေထဲ ဒိုင်းပင်ထိုးဆင်းသွားတဲ့ ထိုလူကြောင့်
ဟောက်ရွှမ်းတို့အုပ်စုမှာ ရေထဲငုပ်၍လိုက်ဖမ်းခဲ့ရပြန်တယ်။

ဒါပေမဲ့ လျှင်မြန်လွန်းတဲ့ထိုလူကြောင့် သူတို့အုပ်စုတွေမျက်ခြေပျက်ကျန်ခဲ့ရရှာသည်။

''ဟိုအပေါ်ကတစ်ယောက်ကိုပဲ ဖမ်းခေါ်သွားရမှာပဲ
သူက အဲ့ဒီလူနဲ့ ဆက်သွယ်မှု့ရှိမှာပဲ။''

''သူမအသက်မရှိတော့ဘူး..ဒုခေါင်းဆောင်ရွှမ်း။''

''ဘာ...''

''သူမ သေသွားပြီ ကြည့်ရတာ သူမကိုယ်သူမသေကြောင်းကြံစည်သွားပုံပဲ။''

''ဦးခေါင်းမှာ သေနတ်ဒဏ်ရာ တချက်ရှိတယ်။''

''ဒါဆိုရင် ငါတို့တွေကို လူစုခွဲပြီး ရှင်းထုတ်လိုက်တဲ့သဘောပဲ ခေါင်းဆောင်မှာ အန္တရာယ် ရှိနေပြီ အမြန်သွားကြမယ်။''

ဒါပေမဲ့ ထိုအလောင်းကောင်ကြီးရဲ့လက်ပတ်နာရီမှ ချိန်ကိုက်ဗုံးကြောင့်ပဲ ဟောက်ရွှမ်းတို့အုပ်စုမှာ
အလဲလဲအပြိုပြို ဒဏ်ရာများစွာရခဲ့တော့သည်။

ဗုံး💥💥...ဆိုသည့်ပေါက်ကွဲမှု့ကြောင့်..
သင်ဘောဆိပ်ကြီးထဲတွင် ထပ်ဆင့်မီးများစွာလောင်ကျွမ်းခဲ့ရလေသည်။

လွင့်စင်သွားသည့် ရဲများမှာ ဒဏ်ရာများကြောင့်
မလှုပ်နိုင်တော့ပဲ မရှု့မလှခံစားကြရရှာတယ်။

ရှောင်ကျန့် သူ့အခန်းထဲကနေ ထိုမျက်နှာချင်းဆိုင်တိုက်ရဲ့အပေါ်ဆုံးထပ်ဆီ မှန်ပြောင်းဖြင့်ကြည့်မိချိန်မှာပဲ မန်နေဂျာမအစစ်ကို လှမ်းမြင်သွားတော့သည်။

အဖြူရောင်ဝတ်စုံအပြည့်နဲ့ သူမကို ခုံတခုတွင်ထိုက်ရက်ကြိုးချည်ထားပြီး ပါးစပ်ကို တိတ်ဖြင့်ပိတ်ထားလေသည်။

different love knot💞Where stories live. Discover now