ep(3)💞

1.3K 99 4
                                    

မနက်ခင်းရဲ့အလင်းရောင်လာရင်ဖြင့် လူဖြစ်ရခြင်းရဲ့လုပ်ငန်းဆောင်တာတွေနဲ
နေ့တနေ့ကို အစပြုကြတယ်မဟုတ်လား။
အိပ်ယာကထရင်..တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးပါလှတယ်လေ။
နောက်ပြီးအလုပ်ဆိုတဲ့တာဝန်နေရာကြီးက စောင့်ကြိုနေပြန်တယ်။
လက်လှုတ်မှပါးစပ်လှုတ်ရသူဆိုတာ..
သူဌေးများစွာအပါအဝင်ပဲ..အောက်ခြေလူတန်းစားဆိုရင်ပြောမနေပါနဲ့တော့..

'အဲ့...ကျွန်တော်ကတော့ ကွန်ပျူတာတလုံးရှိရုံနဲ့အဆင်ပြေတယ်ခင်ဗျ...
Hacker တယောက်ဆိုတော့ ထွေထွေထူးထူးတော့ အလုပ်မရှုတ်ဘူးလေ။'
အိပေါ် သူ့ရဲ့အကိုနဲ့အဆက်အသွယ်မရတာ
ကြာပြီဖြစ်တဲ့အတွက် ဖုန်းခေါ်တော့..

တဖက်မှ..''ကောကောဝမ်ရေ ဖုန်းလာနေတယ်..''

သူ့ညီမလေးအသံကြားတာနဲ့ မျက်လုံးအဝိုင်းသားလေးနဲ့ အိပေါ်..

''ဟဲလို..ညီလား မင်းဘယ်ရောက်နေတာလည်း အိပေါ်..ကောဆီလာခဲ့အုံး ပြောစရာတွေရှိလို့ ပြီးတော့ ကျင်မေ့က အခုကောဆီမှာ။''

''ဟုတ်..ကောဝမ် ညီလာခဲ့မယ် လိပ်စာကိုရပြီ ညီသိပြီ..ခဏနေရောက်မယ်။''

''ပြီးရောကွာ..မြန်မြန်လာ ကျင်မေ့ကို ကျောင်းပို့ရတော့မယ်။''

''ဟုတ်ဟုတ်...ကော.''

.
.
.
တဖက်က လေကြောင်းခရီးလေးမှာတော့
ကိုယ်ပိုင်မို့လို့ နားအေးမှုရှိလှတယ်။
အခုသူတို့သွားနေတာ ဟောင်ကောင်ရေလက်ကြားကို...
ပင်လယ်ပြင်ထဲက ကုန်တင်သင်ဘောဆီဦးတည်လျှက်ပါ။
Asiar boom ဆိုတဲ့ စာလုံးပါ တံဆိပ်ကို
ရှာဖွေပြီး ကုန်တင်သင်ဘောပေါ်က လူတွေနဲ့ အပြန်အလှန်ပြစ်ခတ်ကြရင်း အခြေအနေမှာပါ။

ဟွိုက်ချန်း ကတော့ လက်ဆွဲအိတ်တလုံးနဲ့
စပိဘုတ်ပေါ်တက်ကာ လွတ်ရာမောင်းပြေးသွားပြန်တယ်။

''ဟောက်ရွှမ်း..ဟိုကောင်နောက်ကို လိုက်မယ်..သင်ဘောပေါ်ကို ပေါက်ကွဲအားပြင်းတဲ့ ဗုံးချလိုက်တော့ ငါမမြင်ချင်တော့ဘူး။''

''ဟုတ်..လုပ်လိုက်တော့မယ်..''
လက်ထဲက ခပ်မာမာအရာတစ်ခုကို နှိပ်ချလိုက်ပြီး ရဟတ်ယာဥ်ကို လွတ်ရာမောင်းအပြီးမှာတော့ အဝေးထိန်းခလုတ်ကိုနှိပ်လိုက်တဲ့နောက်...ဗုံးးး!ဆိုတဲ့ပေါက်ကွဲသံကြီးနဲ့အတူ ကုန်တင်သင်ဘောကြီးမီးလောင်ကျွမ်းကုန်ရော..

different love knot💞Where stories live. Discover now