ep(12)💞

628 47 2
                                    

သူဌေးဝမ်ရဲ့ စျာပနပွဲကို တက်ရောက်လာကြတဲ့ စီးပွားရေးလောကက မိတ်ဆွေအပေါင်းအသင်းတွေကို ရိပေါ်ဘက်က အရိုအသေပြု၍ ကြိုဆိုအသိအမှတ်ပြုနေရတယ်။
အိပေါ်နဲ့ ကျင်အာလေးကတော့ စျာပနဝတ်စုံဖြင့် ချောင်ကပ်ထိုင်နေခဲ့သည်။

''ကောအိ...ပါးပါးက ကျင်မေ့လေးဆီ ပြန်မလာနိုင်တော့ဘူးပေါ့..ဟုတ်လား။''

မျက်ရည်များ ကြွေဆင်းနေတဲ့ ညီမဖြစ်သူကို ရင်ခွင်ထဲ မျက်နှာအပ်စေပြီး အိပေါ် နှစ်သိမ့်ပေးမိတာက...
''မဟုတ်တာပဲ ကျင်မေ့လေးရယ် ပါးပါးက
ကောနဲ့ကျင်မေ့လေးကို ဟိုးမိုးပေါ်ကနေ
အမြဲတမ်း စောင့်ကြည့်နေမှာသိလား။
ကျင်မေ့လေး ကောင်းကောင်းမွန်မွန် နေနေရဲ့လား။ ကောတို့ရဲ့စကားကို နားထောင်ပေးပြီး ကောင်းကောင်းကြီးပြင်းလာတာကို ပါးပါးက အမြဲကြည့်နေမှာ။
ကျင်မေ့လေး ကျောင်းမှာ ဆုတွေအများကြီးရရင် ပါးပါးကပျော်နေမှာ..
ကျင်မေ့လေး အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့
ပြုံးပျော်နေမှ ပါးပါးက ကျင်မေ့လေးကို
စိတ်ချလက်ချ အများကြီးအများကြီး ချစ်နေမှာ ကောတို့ကိုချစ်တာထက်ပိုပြီးတော့လေ...''

ချူစဲ့အန်းသည်လည်း သူမရဲ့အမဖြစ်သူရဲ့
စျာပနအခမ်းအနားရှိသည့်နေရာသို့ အားချင်းလိုက်လာခဲ့မိတယ်။

''သူဌေးဝမ်ရဲ့သားကမင်းလား''

ရိပေါ်ကိုကြည့်၍မေးလိုက်သည့် ချူစဲ့အန်းကြောင့်..

''ဟုတ်ပါတယ်..ဒါနဲ့ မင်းကရော..''

''ငါ့အမသေရတာ မင်းတို့ကြောင့်လား..''

''ဘာ..ဘယ်လို ''

ဝမ်ရိပေါ်ကို သူအမ သေဆုံးရသည့်အကြောင်းကို မေးနေသည့် ချူစဲ့အန်းကြောင့်...အိပေါ် သည်းမခံတော့ပဲ သူမနဲ့
စကားများခဲ့ရသည်။

''ဒီမှာ...မင်းအမ ချူစဲ့ရန်နဲ့ ငါ့အဖေ သေရတာ ကားမှောက်ပြီးသေခဲ့တာ ဘာမှမဆိုင်တဲ့ ငါ့အကိုကို မင်းမစွပ်စွဲနဲ့။
ငါတို့မောင်နှမတွေလည်း စိတ်ထိခိုက်နေရတာ မင်းတစ်ယောက်တည်း အသည်းနှလုံးရှိတာမဟုတ်ဘူးကွ...
ပြီးတော့ ဒါနာရေးကိစ္စ မင်းတို့ညီအမရဲ့
ကိုယ်ရေးကိုယ်တာ ကိစ္စမဟုတ်ဘူး။
မင်းတို့ညီအမ ဘာအလုပ်လုပ်တယ် ဘာကြောင့်သေတယ်ဆိုတာ ငါမသိဘူး။
အကောင်းဆုံးက သေသွားတဲ့သူတွေကို
မင်းမငဲ့ရင်တောင် မင်းရဲ့သိက္ခာအတွက်မင်းငဲ့သင့်တယ်။
ဒီတော့ မင်းပြန်လိုက်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်။
မင်းအမရဲ့သေဆုံးခြင်းကို သိချင်ရင် မင်းကိုယ်တိုင်ပဲ စုံစမ်း..
ငါတို့မောင်နှမတွေကိုတော့ စိတ်ဒုက္ခဆက်မပေးပါနဲ့လို့ ပြောပါရစေ။''

different love knot💞Where stories live. Discover now