ep(20)💞

389 23 4
                                    

စားသောက်ပြီးလို့ ဝမ်ရိပေါ်နဲ့အတူ ကားရှိရာဆီ
ပြန်လာကြတဲ့နောက်...
''ဦးဝမ် ဟိုမှာ မိုးပျံပူ​ဖောင်းလေးတွေ အရမ်းလှတာပဲ ရှန့်လေးလိုချင်လို့ ဝယ်ပေးပါလားဟင်။''

''သမီးက သဘောကျတယ်ပေါ့ လေပူဖောင်းလေးတွေကို.''

''အင်း..အရမ်းအရမ်းသဘောကျတာ..ဦးဝမ်ရဲ့။''

''ကောင်းပြီလေ ဦးဝမ် ဝယ်ပေးမယ် ခဏစောင့်နော်ရှန့်လေး။''

''ဟုတ်..ဟီးဟီး ပျော်စရာပဲ...''

လက်ခုပ်တီးပြီး ခုန်ပေါက်နေတဲ့ ကလေးမလေးကို
ကားအနက်ပေါ်မှကြည့်နေသူ သူမကတော့ ကျေနပ်မှု့တွေနဲ့ပါ..

အဲ့ဒီနောက်တော့... သူမ၏နှုတ်မှ

''စတော့...''

''ဟုတ်ကဲ့မဒမ်ချူ..''

မျက်လုံးဝိုင်းလေးနဲ့ခလေးမလေးမှာ သူ့ဆီဖြည်းဖြည်းချင်းရှောက်လာတဲ့ လူကိုမြင်ပြီး
ထွက်ပြေးကာ ''ဦးဝမ်..ဦးဝမ်ရေ..
သမီးကိုကယ်ပါဦး။''

''မလိုက်ဘူး...မလိုက်ဘူး''

''..အား!!!''(စူးစူးဝါးဝါးထိန့်လန့်သံဖြင့်အော်လိုက်လေခြင်း)

''ရှန့်လေး..သမီး။''

လေပူဖောင်းသယ်ဆီကနေ လေပူဖောင်းဝယ်ပြီးပြန်လာတဲ့ဝမ်ရိပေါ်မှာ ကလေးမလေးကိုဖမ်းခေါ်သွားတာမြင်ပြီးသူပါအနောက်ကပြေးလိုက်လာချိန်မှာပဲ တစုံတယောက်မှသူ့အားဝင်တိုက်ခဲ့ပြီး
ပြန်လည်ထူမသလိုဖြင့် မေ့ဆေးပုဝါဖြင့်ထပ်မံအုပ်ခေါ်ခြင်းခံခဲ့ရပြန်သည်။

'အဟက်...ခုလိုဆိုတော့လည်း သနားစရာလေးတွေပါပဲလား မင်းတို့လေးတွေရဲ့အဖြစ်က။'

''ဟားဟားဟားဟား...ဟားဟားဟားဟား။''
'ကျေနပ်တယ်လေ... အရမ်းကိုပေါ့။'

အရယ်ရပ်ပြီးတာနဲ့ ကားမောင်းသူအားသူမမေးလိုက်သည်က..

''လေယျာဥ်ရောက်ပြီလားငါ့ကိုပြော။''

''ဟုတ်ကဲ့ မဒမ်ချူ..အသင့်ပါပဲ။''

''ကောင်းတယ်...မြန်မြန်မောင်းအဲ့ဒီကို။''

''ဟုတ်...''
.

.
..
.
ဆေးရုံတွင်မူ..
''ခေါင်းဆောင် သက်သာလာပြီလားဟင်..''

different love knot💞Where stories live. Discover now