ep(22)💞

322 16 0
                                    

အမှောင်ယံကိုအကာအကွယ်ပြု၍ ကားအနက်တစ်စီးရဲ့အပေါ်မှ လူနှစ်ယောက်မှာသူတို့နဲ့မလှမ်းမကမ်းက ဂိုဒေါင်ကြီးဆီ အရိပ်အခြေကြည့်လို့နေတယ်။
''ဒီနေရာဆိုတာသေချာလားဟင် blood..ကောဝမ်ဒီနေရာမှာရှိနေတယ်ဆိုတာ။''

''အင်း...ကိုယ်ခြေရာခံကြည့်ရသလောက်တော့
ဒီနေရာဖြစ်မယ်လို့ ယုံကြည်နေတယ်။
ပိုသေချာသွားအောင် ကိုယ်တစ်ချက်လောက် လှည့်ပတ်ကြည့်လိုက်ဦးမယ်။''

''အင်းပါ... ဂရုစိုက်သွားနော် ..blood.''

''စိတ်ချ..''

ထိုသို့ပြော၍ ထွက်ခွာသွားတဲ့ ကျောပြင်ကိုကြည့်ရင်း အိပေါ် ပြုံးမိလိုက်သည်။

5.minutes latter...

ကားရှိရာသို့ပြန်ရောက်လာတဲ့ blood..

''blood... မင်းသူ့ကိုရှာတွေ့ပြီလား။''

''အိပေါ်...ဂိုဒေါင်ထဲမှာ လက်နက်တွေနဲ့လူဆယ်ယောက်လောက်တော့ရှိတယ်။
မင်းအကိုကိုတော့ သူတို့ဖမ်းထားတာသေချာသလောက်ပဲ။''

''သူတို့ကိုမင်း.
ဘယ်လိုလုပ်မလို့စဥ်းစားထားလဲ blood..''

''ကိုယ့်ဘက်ကသူတို့ကို မျှားခေါ်သွားပြီးအချိန်ဆွဲထားပေးမယ် မင်းက..ကောဝမ်ကို ကယ်ထုတ်လာလိုက် ကိုယ်တို့နောက်ဆယ်မိနစ်နေရင်ပြန်ဆုံကြမယ်အိပေါ်။''

''မင်းဂရုစိုက်ရမယ်နော်..blood..''

''ok..ကိုယ်ကတိပေးတယ် အချစ်။''

.
.
.
.
.
.
ရှောင်ကျန့်ဆေးအရှိန်ကြောင့်အိပ်ပျော်သွားပြီး နိုးလာတော့ သူ့ရဲ့လက်ထဲ၌ဆုပ်ကိုင်မိထားသည့်
တစ်စုံတခု...

''ဒါက...ဘာပါလိမ့်။''

တစ်စုံတစ်ယောက်က သူ့ရဲ့လက်ထဲကိုထည့်ပေးခဲ့ပုံတောက်ရင် ဒါက...

ရှောင်ကျန့်သူ့အနီးရှိ ခုံပေါ်က ဖုန်းကိုယူပြီး ထိုကဒ်ကိုထည့်၍ကြည့်မိတော့...
တူမဖြစ်သူရှန့်လေးကို မြင်တွေ့သွားလေရဲ့။

သူ့ရဲ့တူမလေးက မိန်းမတစ်ယောက်နဲ့အတူ
ပျော်ပျော်ရွင်ရွင် ဆော့ကစားနေပြန်တယ်။
ထိုမိန်းမကတော့ သူ မရမကလိုက်ဖမ်းနေတဲ့အမျိုးသမီးတရားခံမှန်းရှောင်ကျန့်ကောင်းကောင်းကိုမျက်မှန်းသိတယ်။

different love knot💞Where stories live. Discover now