ep(29)💞

237 16 1
                                    


တစ်လခန့်ကြာပြီးနောက်..

ပေကျင်းလေဆိပ်တွင်...

"အချစ် ထိုင်နေပါကွာ ညီမလေးကမကြာခင်မှာအေးအေးဆေးဆေးနဲ့ဒီကိုရောက်လာပါလိမ့်မယ်။ပြီးတော့သူက အရွယ်ရောက်လာမှတော့ လောကပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်လို့ သူအဆင်ပြေမှာပါ။
ကိုယ့်ရဲ့အချစ်ညောင်းနေပါ့မယ်လေ..ထိုင်နေနော်။"

"ဟွန့်..ဘာဖြစ်ဖြစ်ဗျာ..
ကျန့်ကောကျွန်တော် ခုထိစိတ်ဆိုးနေဆဲပဲနော်..မခေါ်မချင်းအနားကိုလာမကပ်နဲ့ ဒါပဲ။"

"ဟော်ဗျာ..အဲ့ဒီအပြစ်ဆိုတာကြီးနဲ့ပဲ ကိုယ့်ကိုတားဆီးပိတ်ပင်နေတော့မှာလား ချစ်ဇနီးလေးရဲ့။မနက်ကတည်းကစိတ်ကောက်နေတာ မမောသေးဘူးလားကွာ။''

''ဘာပြောတယ်..ဘာပြောလိုက်တယ်မမောနိုင်​သေးဘူး။ပြီးတော့ ကျွန်တော်က
တားဆီးပိတ်ပင်တယ် ဟုတ်စ..မလိုက်ဖက်လိုက်တာ ေလာင်ဇီကြီးရဲ့။''

နှာမှုတ်ကာ တဖက်သို့မျက်နှာလွှဲသွားတဲ့ ဝမ်ရိပေါ်ကြောင့်...
''အချစ်ကလည်းကွာ ဒါလေးပြောမိတာကို
ဗွေမယူပါနဲ့နော် စိတ်မဆိုးပါနဲ့ အချစ်ရဲ့မျက်နှာနုနုလေးမှာ အရေးအကြောင်းတွေထွက်လာရင် ဘယ်လိုလုပ်ရမလဲ။ စိတ်လျော့ပါ ကိုယ့်ဘက်ကမှားခဲ့ရင် အနမ်းလေးပေးပြီးအချစ်ကိုပြန်ချော့မယ်လေ။''

''မလိုချင်ပါဘူး.. အခွင့်အရေးသမားကြီးရဲ့အသားလာမထိနဲ့။''

သို့သော်.. သူ့ရှေ့တွင် ဒူးထောက်၍တောင်းပန်လာတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်မှာ မသိမသာ ဆက်၍မူနေလိုက်သည်။

''forgive me..baby.please..please''

ပါပီ eye လေးဖြင့် ဝမ်ရိပေါ်ကိုကြည့်လာသောကြောင့်..

''ဒီညအခန်းထဲမဝင်ရဘူးမှတ်..အပြစ်ဒဏ်ကိုခံယူရင်
ခွင့်လွှတ်ပေးမယ် ဘယ်လိုလဲ လူကြီးမင်းကျန့်ရဲ့။''

မျှော်လင့်ထားသလို စကားသံလေးပြန်ကြားရသည်မို့ ရှောင်းကျန့်မှာ ဝမ်းသာသွားလေရဲ့။ချက်ချင်းပဲ..
''ဟုတ်ပါပြီဗျာ.. အချစ်ရဲ့အမိန့်အတိုင်းလိုက်နာပါ့မယ်ဗျ ဒါဆိုကျေနပ်ပြီလား အဆိုးလေးရဲ့။''

​ ''နေဦး ကျန်သေးတယ်.. လိုက်နာရမှာတွေက
မနေ့ညကခင်ဗျားလုပ်လို့လက်က ခုထိအနာမပျောက်သေးဘူး အဲ့ဒါကြောင့် အနာမပျောက်မချင်းအိမ်ကအလုပ်တွေကိုခင်ဗျားကြီးတာဝန်ယူရမယ်နော်။ဘယ်လိုလဲ..''

different love knot💞Where stories live. Discover now