ep(2)💞

1.7K 111 2
                                    

တိတ်ဆိတ်ငြိမ်သက်ခြင်းတွေနဲ့ ကျွန်တော်ရဲ့ကမ္ဘာက အမှောင်ကျသွားတာကြာပါပြီ။
ခုလည်း တူမလေးနဲ့အတူ လောကကြီးထဲ
ရှင်သန်ရပ်တည်ပုံက မိုက်မဲမှုတွေနဲ့ပါ။

ဒီနေ့..ဟိုအမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့
သစ္စာဖောက်ကောင်ကို အရေခွံခွာရမဲ့နေ့...
မိုးကလည်းဒီနေ့ညမှ ဖွဲဖွဲလေးရွာနေရှာတယ်။

လျဲ့ရှန့်လေးကို သိပ်ပြီးသွားရင် ဂိုဒေါင်ဟောင်းရှိရာကို သွားရလိမ့်မယ်။
ဟိုကောင်ကို လက်စသတ်ဖြောင့်ချက်တောင်းရမယ်။ဒေါ်လာတွေနဲ့စိန်တွေက
ဒီတခေါက် ပိုပြီးအရေးကြီးတဲ့ တာဝန်ပဲ။

''ဉီးဉီးကျန့်..ရှန့်ရှန့်လေးအိပ်လို့မပျော်ဘူး။''

''ဘာဖြစ်လို့လဲ ဦးရဲ့ရှန့်ရှန့်လေးက..
မနက်ကိုကျောင်းတက်ရမယ်လေ လိမ္မာပါတယ် ရှန့်ရှန့်လေးက အိပ်တော့နော်။''

''အဟင့်..အဟင့် ဉီးဉီးကျန့်က ပုံပြင်ပြောပြလေ အရင်လိုပဲ ရှန့်ရှန့်လေးကို အရင်ချော့သိပ်ပါ။''

''အင်းပါကွာ.. ဦးဦးကသေချာချော့သိပ်ပါ့မယ်။''

"ကဲ..အိပ်ကြရအောင် ရှန့်ရှန့်ရေ.."

"ဟုတ်..ခစ်ခစ်ခစ်.. ဉီးဉီးကျန့်ကို အချစ်ဆုံးပဲ..မွမွမွ.."

ရှောင်ကျန့်ရဲ့ ပါးကို နမ်းပြီးချွဲနေတဲ့ တူမလေးကြောင့် ရှောင်ကျန့်တစ်ယောက်အရည်ပျော်မတတ် အချစ်ပိုခဲ့ရပြန်တယ်။

ခဏလောက်ချော့သိပ်လို့အပြီးမှာ..''ဝမ်နင်
အိမ်မှာစောင့်ပြီးနေခဲ့။
လျဲ့ရှန့်လေးကို စောင့်ရှောက်နော်..
ငါမနက်မှပြန်လာခဲ့မယ်။''

"ဟုတ်ကဲ့ခေါင်းဆောင်.."

ဝမ်ရိပေါ်ကတော့ မနေ့က စားစရာထွက်ဝယ်ရင်း အလုပ်ပါတခါတည်းရှာခဲ့တဲ့အတွက်..စားသောက်ဆိုင်လေးမှာသူအလုပ်ရခဲ့တယ်။

ဒီနေ့က ရိပေါ်လေး ညဘက် အလုပ်ဆင်းရမဲ့ရက်.. အိမ်အပေါ်ထပ်နဲ့ သိပ်မဝေးတဲ့အတွက် ညီမဖြစ်သူကို အခန်းထဲ သေချာထားခဲ့ခြင်းပါ။
ကျင်အာလေးက ခုချိန်လောက်ဆိုရင် စာကျက်နေလောက်ပြီ တော်သေးတယ်
ကော စားသောက်ဆိုင်မှာအလုပ်ဆင်းရမှာမို့ အိမ်ထဲမှာပဲနေဆိုတော့ ဟုတ်တဲ့..
လိမ္မာလိုက်တဲ့ ညီမလေးကြောင့် ရိပေါ်စိတ်အေးရပြန်တယ်။

different love knot💞Where stories live. Discover now