Chapter-17 : Persuading you to abort the child!

6.7K 1.3K 3
                                    

Zawgyi

အိမ်​​ပြောင်းသည့်​အခါတွင်​ ​လော့​ယောင်​အ​နေဖြင့်​ စုဇစ်​​ယောင်​၏ အကူအညီကို မယူလိုခဲ့​ချေ ။ သို့ဖြစ်​ပါ၍ ​သယ်​ယူပို့​ဆောင်​​ရေး ကုမ္ပဏီကိုငှါးရမ်းကာ ​ကျောင်းအ​ဆောင်​မှ ပစ္စည်းများကို နည်းနည်းစီ ​ပြောင်း​ရွှေ့လာခဲ့သည်​ ။

ပထမတွင်​ စုဇစ်​​ယောင်​က ကူညီ​ပေးရန်​ကြိုးစားပါ၏ ။ သို့တိုင်​ ​လော့​ယောင်​က ငြင်းဆိုလာသည်​ ။ ဘယ်​လိုဟာသမျိုးပါလိမ့်​ ကိုယ်​၀န်​​ဆောင်​အမျိုးသားတစ်​ဦးက သူ့ကိုပစ္စည်း​တွေ သယ်​ကူအုံးမည်​တဲ့ မသင့်​​လျော်​ပါ​ချေ ။

"ကိုယ့်​မှာပစ္စည်း​တွေအများကြီးမရှိပါဘူး ​နောက်​တစ်​ကြိမ်​ထပ်​သယ်​ပြီးရင်​ အားလုံးပြီးပြီ မင်းအနားယူသင့်​တယ်​ နုတ်​ထွက်​စာ​ရောမ​ရေး​တော့ဘူးလား ကိုယ်​ထင်​တာ​တော့ မင်းနုတ်​ထွက်​ဖို့မလိုဘူးထင်​တယ်​ ခွင့်​စာ​ရေး​ပေါ့ En.. ​ကျောက်​ကပ်​​ရောင်​​ရောဂါ​ကြောင့်​ ခွင့်​ယူချင်​တယ်​ဘာညာ.. အ​ကြောင်းပြချက်​​ကောင်း​ကောင်းတစ်​ခု​တော့ လိုတာ​ပေါ့ "

အတန်​ကြာ​အောင်​ စဉ်းစားပြီး​နောက်​ ​​လော့​ယောင်​ရဲ့အ​တွေးတွင်​ ထိုအရာက အ​ကြောင်းပြချက်​​ကောင်းဟု ထင်​မိသည်​ ။
စုဇစ်​​ယောင်​၏ နှုတ်​ခမ်း​တွေဟာ ပွင့်​ဟလာရင်းဖြင့်​..

"ကျွန်​​တော့်​​ကျောက်​ကပ်​​တွေက အ​ကောင်းကြီး"

လော့​ယောင်​ အံ့အားသင့်​ကာ လက်​ထဲတွင်​ ပစ္စည်းအချို့ကိုသယ်​ထားရင်း ဒုတိယအိပ်​ခန်းတံခါးဝကိုဝင်​တိုက်​မိသွားသည်​ ။ ထို့​နောက်​ရယ်​ရင်းဖြင့်​-

"ဘာလဲ မင်းကအနားမယူ​တော့ဘူးလား ကျောက်​ကပ်​​ရောင်​တာက အတုလုပ်​ဖို့အလွယ်​ကူဆုံးပဲ မနက်​ဖြန်​ ငါမင်းကို​ဆေးရုံကို​ခေါ်သွား​ပြီး ​ဆေးစာ​ရေး​ပေးဖို့​ပြော​ပေးမယ်​ "

စုဇစ်​​ယောင်အ​တော်​ကြာ​အောင်​ နှုတ်​ဆိတ်​​နေရင်းက-

"အလုပ်​ဖြစ်​ပါ့မလား"

"ဒါ​ပေါ့ ​စိတ်​ချလက်​ချနားပါ ကိုယ်​ကဇီဝ​ဆေးပညာတန်းရဲ့ ပ​ရော်​ဖက်​ဆာ​လေ ပူစရာမလိုပါဘူး.."

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now