Chapter 86 Happy Husband and Husband buy the rings!

1.8K 308 6
                                    


အခန်း ၈၆။ ပျော်ရွှင်နေသော လင်လင်နှစ်ယောက်သား လက်စွယ်တွေ၀ယ်ကြ...။

လင်ကျန်းရီဟာ လွန်ခဲ့သောညကသူကြားခဲ့သော 'ယောက်ျား'ဟူသည့်ခေါ်သံအကြောင်း ပြန်လည်တွေးတောလိုက်သည်။ သူနိုးနေပြီမို့ စုကျစ်ယန်သူ့ကိုပြောလာမည့်အကြောင်း အရမ်းစိတ်ထင့်နေမိသည်။

သူ စုကျစ်ယန်ကို တစ်ချက်မျှချောင်းကြည့်လိုက်ပြီး သူ့ခံစားချက်တို့ကောင်းမွန်နေကြောင်း မြင်လိုက်ရသည်။ ဒါကြောင့် သူဂရုတစိုက်ဖြင့် မေးမြန်းလိုက်သည်။

"ဇနီးလေး"

"ဟင်"

စုကျစ်ယန် ညင်သာစွာဖြေသည်။

"ဘာလဲ"

"ပြီးခဲ့တဲ့ညကလေ... မင်းကိုယ့်ကိုစောင်ခြုံပေးခဲ့တာလား"

လင်ကျန်းရီတစ်ယောက် နှုတ်ဖျားမှာ စကားလုံးများစီထားခဲ့့သော်လည်း တိုက်ရိုက်ပြောချလိုက်ရန် မဝံ့ရဲပါချေ။ သည်တော့ ဝေ့၀ိုက်၍သာ စုံစမ်းလိုက်သည်။

"ခင်ဗျားဘယ်လိုထင်လဲ"

စုကျစ်ယန်က သူ့မျက်ခုံးများကိုပင့်ကာ ပြန်မေးသည်။

"မင်းကအရမ်းကြင်နာတတ်တယ်လေ ဇနီးလေးရယ်"

လင်ကျန်းရီက ခပ်မြန်မြန်ပင် မျက်နှာချိုသွေးသည်။ စုကျစ်ယန်က ဂုဏ်ယူဟန်ဖြင့် ခေါင်းမော့သည်။

"ဟုတ်တာပေါ့"

"ဒါဆို ဇနီးလေး မင်း... ကိုယ့်ကိုယ်ခေါ်ခဲ့သေးလား..."

"မခေါ်ဘူး။ ခင်ဗျားအိပ်နေတာကိုကြည့်ရတာ သေနေတဲ့၀က်တစ်ကောင်လိုပဲ။ ကျွန်တော်ခင်ဗျားကို မခေါ်ပါဘူး"

သူဘာကို စောင်းပါးရိပ်ခြေပြောနေတယ်ဆိုတာ စုကျစ်ယန်သိပါသည်။

"တစ်ကယ်ပဲလား။ ဒါဆိုဘာလို့စိတ်ကျေနပ်စရာ ခေါင်းစဉ်တစ်ခုကြားခဲ့မိသလိုပုံပေါ်ပါလိမ့်"

လင်ကျန်းရီက ဟန်မဆောင်ဘဲ လူယုတ်မာအပြုံးဖြင့် သတိပေးလိုက်သည်။

"တစ်ကယ်လား။ ဘာလို့ကျွန်တော် အဲဒီ့အကြောင်း မသိတာပါလိမ့်"

ဒီအချိန်မှာ စုကျစ်ယန်က လင်ကျန်းရီ၏အားထုတ်မှုကို တုံ့ပြန်လိုက်သည်။ သူရယ်ကာမောကာဖြင့် အရူးတစ်ယောက်လို ဟန်ဆောင်သည်။

"အိပ်မက်မက်နေတာလား"

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now