Chapter 82: Victory is perseverance!

1.9K 304 4
                                    

[ Unicode ]

အခန်း-၈၂။ အောင်ပွဲဆိုတာ ဇွဲလုံ့လ၀ီရိယကနေ ဖြစ်တည်လာတာ!
___________________________________________

လော့ယန်သည် ယဲ့ရှော်ကို မေးခွန်းထုတ်ပြီးနောက် ဖုန်းခေါ်ဆိုမှုအား အမြန်အဆုံးသတ်ပစ်လိုက်သည်။ ယဲ့ရှော်သည် သူ့ဖုန်းကို အချိန်အတော်အတန်ကြာအောင် ဆုတ်ကိုင်ထားပြီး ချက်ချင်းမတုံ့ပြန်နိုင်လိုက်ပါသော်လည်း တစ်ညတာ စိတ်ဓာတ်ကျပြီး နောက်တစ်နေ့တွင် သူ့ခန္တာအတွင်း အားအင်ပြန်လည်ပြည့်ဖြိုး၍ တတ်ကြွသည့်ကြက်ဖပြန်ဖြစ်သွားတော့သည်။

ဘာလိုပဲဖြစ်ဖြစ် သူ့အနေနဲ့ လော့ယန်ကို ရှင်းပြဖို့ နည်းလမ်းကောင်းတွေ ရှာရမယ်၊ သူ့စကားတွေအပေါ်ကို ယုံကြည်မှုမရှိလျှင်တောင် သူလုံး၀စိတ်ဓာတ်ကျစရာမလိုဘူးလို့ ဆုံးဖြတ်ထားတယ်!

တကယ်တော့၊ လော့ယန်ရဲ့ ဆောင်းရာသီ အားလပ်ရက်က အရမ်းကို ရိုးရှင်းလွန်းလှသည်၊ သူ ပတ်၀န်းကျင်မှာ ဈေးဝယ်ထွက်တယ်၊ အဆာပြေ နဲ့ ဟင်းချက်စရာပစ္စည်းအချို့ကို ရေခဲသေတ္တာထဲမှာကြို သိမ်းဆည်းထားဖို့အတွက် ဝယ်တယ်။  သူ့ရဲ့တနေ့၃နပ်စာလုံးကို သူကိုယ်တိုင် ချက်ပြုတ်တာဖြစ်ပြီး ချက်ပြုတ်နည်းကို ပြောင်းလိုက်ပါလျှင် အစားအသောက်အရသာက ကွဲပြားသွားလိမ့်မယ်။

သူ့ရဲ့နေ့စဉ်ဘဝကလည်းပဲ လုံး၀စိတ်ကျေနပ်စရာပင်။  အချိန်ရလျှင် အွန်လိုင်းတက်ပြီး ဂိမ်းတွေဆော့မယ်၊ ဒါမှမဟုတ် အိမ်အောက်က ကွင်းထဲဆင်းပြီးပတ်ပြေးနေလိုက်တယ်။  မဟုတ်လျှင် သူ ဘတ်စကတ်ဘော ဘောလုံး တစ်လုံးကို ကိုင်ပြီးဘတ်စကတ်ဘော ကွင်းကခြင်းပိုက်ထဲကို အကြိမ်အရေအတွက်အချို့လောက်ပစ်ထည့်နေလိုက်သည်။

လော့ယန်သည် အားစိုက်၍ ဘတ်စကတ်ဘော ဘောလုံးကို ပုတ်နေလိုက်သည်။ သူ Three-pointer ပစ်တော့မည့်အချိန်မှာ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်က ပြေးထွက်လာပြီး အဖြူရောင် မြူခိုးတွေကို ရှူရှိုက်နေရင်းကနေပင် သူ့မျက်နှာပေါ်က စူးရှတောက်ပလှသည့် အပြုံးနုနုလေးတွေကို မဖုံးကွယ်နိုင်ခဲ့ပါချေ- "ပရော်ဖက်ဆာလော့၊ နောက်ဆုံးတော့ ခင်ဗျားကို ရှာတွေ့ပြီ!"

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Dove le storie prendono vita. Scoprilo ora