Chapter 25: I don't want to die...

4.8K 999 48
                                    

Unicode

စုကျစ်ယန် ဂနာမငြိမ်ဖြစ်ရင်း သူ့၀မ်းဗိုက်လေးကိုပွတ်သပ်နေမိသည်။ ကားအရှိန်ကနှေးသွားပေမယ့်လည်း အဲဒါကဆေးရုံနဲ့ နီးလာတုန်းပဲလေ။

သူ့ရဲ့မျက်လုံးအိမ်ဟာ လျှင်မြန်စွာလှည့်နေသည်။နောက်ဆုံးမှာတော့ စိတ်ကူးတစ်ခုရလိုက်ပြီး လင်ကျန်းရီဆီ ကိုယ်ကိုကိုင်းကာ ပြောလိုက်သည်။

"မစ်စတာလင်.... အာ မဟုတ်သေးဘူး... ရီ... ဖျင်အန်းဆေးရုံကို စစ်ဆေးဖို့သွားမှာလား ကျွန်တော်တစ်ချိန်လုံး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးသားပါ နေရာပြောင်းချင်တယ် ကျွန်တော်က ကိုယ်၀န်ဆောင်နိုင်တဲ့ အမျိုးသားတစ်ယောက်... ဒါကမဖြစ်နိုင်ဘူးမလား လူတွေအများကြီးသိသွားကြရင် ကျွန်တော့်အတွက်ခက်ခဲလိမ့်မယ် ဖျင်အန်းဆေးရုံပဲ သွားရအောင်နော်"

လင်ကျန်းရီ သူ့ကိုနောက်ကြည့်မှန်မှကြည့်ရင်း မတုန်မလှုပ်ဟန်ဖြင့် ပြောလိုက်သည်။

"မရဘူး"

"----- ဘာလို့လဲ"

စုကျစ်ယန် မျက်မှောင်ကြုတ်သည်။ လင်ကျန်းရီကတော့ ပြုံးရင်းပြန်ဖြေသည်။

"ဆရာ၀န်နဲ့မင်း ပေါင်းပြီးငါ့ကိုလိမ်မှာစိုးလို့လေ ဒီတော့ငါယုံကြည်ရတဲ့ဆရာ၀န်ဆီ သွားရမှာပဲ"

သူ စကားခေတ္တရပ်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။

"ပုဂ္ဂလိကဆေးရုံကိုသွားတာပေါ့"

ပုဂ္ဂလိကဆေးရုံ…?

စုကျစ်ယန် လင်ကျန်းရီကို အလွန်အံ့အားသင့်ဟန်ဖြင့်ကြည့်လိုက်သည်။ သူတစ်ကယ်ကြီး ပုဂ္ဂလိကဆေးရုံကိုသွားနေတာလား။ ဒါအန္တရာယ်ရှိသည်။ သူအခု တစ်ကယ်ကို သေဖို့သွားနေတာပါလား။

ကောင်းကင်ကြီးရေ.... အား... တစ်ကယ်ကို အမြင်မရှိတာပဲ...

မူလတုန်းကတော့ လင်ကျန်းရီ ဆိုးရွားတဲ့ကိစ္စကိုလုပ်ဖို့ ပုဂ္ဂလိကဆေးရုံဆီသွားနေတာကို ရပ်တန့်ချင်တာဖြစ်သည်။ သို့သော်လည်း စုကျစ်ယန် ကိစ္စတစ်ခုလုပ်ဖို့ရာ အလိုရှိချိန်မှာ ကားကရပ်တန့်သွာသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now