Chapter 87: A pregnant man's mind is hard to guess

1.7K 264 0
                                    


အခန်း ၈၇။ အမျိုးသားကိုယ်၀န်ဆောင်တစ်ယောက်ရဲ့စိတ်က ခန့်မှန်းဖို့ခက်ခဲတယ်။

အပြန်လမ်းမှာတော့ စုကျစ်ယန်၏နှလုံးသားလေး တဆစ်ဆစ်ကိုက်ခဲလို့နေရလေပြီ။ လက်စွပ်နှစ်ကွင်း... အိုး... မဟုတ်သေးဘူး...။ လေးကွင်း... သူ့စုဆောင်းထားသမျှလေးတွေ အကုန်ပြောင်ပြီလေ။

သူ့ရဲ့ကျန်သေးတဲ့ ဘဏ်ကဒ်အများစုက ငွေအများကြီးမရှိပေ။ သည်တော့ကာ သူကနာဂတ်မှာ တစ်ကယ့်ကိုပဲ ဆင်းရဲမွဲတေသောလူတစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်သည်။

သို့သော်ငြား စုကျစ်ယန်တစ်ကယ်တမ်း လုံးဝပျော်နေသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်မျက်ရတာနာဆိုင်ကနေ သူထွက်လာကတည်းကစလို့ အခုချိန်အထိ လင်ကျန်းရီ၏နှုတ်ခမ်းက အထက်သျု့ ကော့ညွတ်နေသည်လေ။

အချိန်တိုင်းမှာ လက်စွပ်၀တ်ထားသော သူ့လက်ကိုကြည့်ကာ ကျေနပ်အားရဟန်ဖြင့် ပျော်ရွှင်နေသောအသံလေးကိုထုတ်လွှတ်နေသည်လေ။

သိသိသာသာပင် ဒီအာမခံဆေးက သူ့က်ုအလွန်အကြူး ပျော်ရွှင်အောင်လုပ်ပေးခဲ့သည်။ စုကျစ်ယန်သည်လည်း သူ၏ပျော်ရွှင်ခြင်းဗိုင်းရပ်ကူးစက်ကာ အလွန်အမင်းရွှင်ပျနေသည်။

သူ့စိတ်ထဲမှာတော့ သူက လင်ကျန်းရီကို လက်စွပ်၀တ်စေနိုင်သောသူ တစ်ယောက်ဖြစ်သည်။ သည်အဓိပ္ပာယ်ကတော့ 'လင်ကျန်းရီကသူ့လူ'ဆိုတာပဲဖြစ်သည်။ သူ့မှာပိုင်ရှင်ဖြစ်ပြီး သူ့ကိုချုပ်နှောင်လိုက်သူက လင်ကျန်းရီမဟုတ်ပေ။

{*လေပြည်-သူကလက်စွပ်စွပ်ထားတာမို့ ပိင်ရှင်ရှိသွားပေမဲ့ လက်စွပ်ကလည်း သူ၀ယ်တာမို့ ရီ့ကိုချုပ်နှောင်လိုက်တာကသူပါ။ ရီကသူ့ကိုချုပ်နှောင်လိုက်တာမဟုတ်ဘူးလို့ပြောချင်တာပါ။ ဖတ်ရတာနည်းနည်းရှုပ်သွားမလားမသိလို့ပြောပြပေးတာပါနော်။}

စုကျစ်ယန်က သူ့လက်ချောင်းပေါ်မှ လက်စွပ်ကို ယုယစွာပွတ်သပ်နေရင်း ပိုပိုပြီးသဘောကျလာရသည်။

တစ်ကယ်တမ်း အမျိုးသားများ၏ရသခံစားမှုစံချိန်က အမျိုးသမီးများနှင့်ကွာခြားသည်။ အမျိုးသားများ၏လိုအပ်ချက်က ရိုးရှင်းလွယ်ကူပြီး သူတို့ကလက်တွဲဖော်ရှိသည်၊ ဒါမှမဟုတ် လက်ထပ်ပြီးပြီဆိုတာကို သက်သေပြနိုင်လျှင် အဆင်ပြေပြီဖြစ်သော်ငြား ထိုစဉ်မှာ အမျိုးသမီးများ၏ စိန်တစ်လုံးအပေါ် လိုအပ်ချက်များကတော့ ပိုကြီးရမည်။ ပိုတောက်ပရမည်။ ပိုကောင်းရမည်။
 
စုကျစ်ယန်က လက်စွပ်အသေးလေးနှစ်ကွင်းပါသော လက်စွပ်ဘူးကိုကိုင်ထားဆဲပင်။ ထိုဟာကိုကိုင်ထားရင်း အေးအေးလူလူပင် ကစားနေသည်။

(တစ်ကွင်းကိုယူကာ) သူ့လက်အသေးလေး(လက်သန်း)မှာစွပ်ရန် ကြိုးစားလိုက်သည်။ သို့သော်ငြားလည်း သူ့လက်သေးသေးလေးနှင့်နှိုင်းယှဉ်ကြည့်လျှင် လက်စွပ်က ပို၍ပင်သေးနေသေးသည်။

စုကျစ်ယန်ဟာ ၎င်းတို့ကိုမူလနေရာဆီ ပြန်ထားလိုက်ပြီး ရယ်မောလှောင်ပြောင်ရန်လည်း မမေ့ပါချေ။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now