Chapter 37: Fetal Movement

3.3K 727 8
                                    

Unicode

Chapter 37: သားပေါက်လေးရဲ့ရုန်းကန်မှု။

စုကျစ်ယန်ကသူ့ရှေ့က ဟင်းအမယ်ခြောက်မျိုးနဲ့ဟင်းချိုတစ်ခွက်ကိုကြည့်ပြီးအံ့သြလွန်းရလို့သူ့မျက်လုံးတွေခမျာ အပြင်ကိုထွက်ကျလုလုပင်။

ဒီခွေးကောင်လင်က တကယ်ကြီးကိုဒါတွေကိုလုပ်ခဲ့တယ်!  အဲ့ဒါတွေက အရောင်အဆင်း၊ အနံ့၊ အရသာတို့နှင့်တောင် ပြည့်နှက်နေသေးတယ်!

အေပရွန်ကို ၀တ်ထားသည့် လင်ကျန်းရီသည် တူကိုအသာမ၍ဟင်းများကို ပန်းကန်အတွင်းသို့နှစ်သက်ကျေနပ်စွာဖြင့်ထည့်လိုက်လေသည်။ 

သူ့မျက်နှာကအပြစ်ကင်းစင်နေပြီး

"ကျစ်ယန် မင်းဗိုက်ဆာနေပြီလား  မြည်းကြည့်စမ်းပါ၊ အဲဒါကမင်းအရသာမတွေ့ရင်ကိုယ်ပြန်လုပ်ပေးမယ်"

"ဒါတွေ…ခင်ဗျား ဒါတွေအားလုံးကိုလုပ်ခဲ့တာလား” 

စုကျစ်ယန်သည် လင်ကျန်းရီ သူ၏လက်အတွင်းသို့လွှဲပြောင်းထည့်ပေးလာသော တူကိုယူလိုက်သည့်တိုင် သူ့မှာအနည်းငယ်တော့မယုံကြည်နိုင်သေးပေ။

ဒီလူက သူ့ကိုယ်တိုင်ဘယ်အရာကိုမှမလုပ်ကိုင်ခဲ့ဖူးတဲ့ သခင်လေးတစ်ယောက်ဆိုတာသေချာပါသည်။  သူကဘယ်လိုလုပ်ပြီး ထိုကဲ့သို့ အရသာရှိတဲ့ အစားအသောက်တွေကိုချက်ပြုတ်နိုင်မှာတဲ့လဲ။

"အို!ဟုတ်တာပေါ့ ကိုယ့်လက်ရာကိုစမ်းကြည့်ပါဦး.."
 
လင်ကျန်းရီသည် သူချက်ထားကြောင်း ကတိုက်ကရိုက်၀န်ခံလိုက်ပြီး  အတင်းတိုက်တွန်းလိုက်သည်။

ထို့နောက် စုကျစ်ယန်သည် ငါးအသားတစ်ဖဲ့ကိုယူ၍ ပါးစပ်ထဲထည့်ရန်လုပ်လိုက်စဥ် လင်ကျန်းရီကတားလိုက်သည်။

"ခဏနေဦး! ဒီမှာငါးရိုးတွေများကျန်နေမလား ကိုယ်အရင်ကြည့်ပါရစေ ငါးအရိုးမစူးအောင် ဂရုစိုက်ပြီးစား! "

လင်ကျန်းရီသည် ငါးအရိုးနွှင်ကာ ငါးအသားများကို စုကျစ်ယန်၏ရှေ့ရှိ ထမင်းပန်းကန်ထဲသို့ထည့်ပေးလိုက်လေသည်။

"ရပြီ၊စားတော့"

စုကျစ်ယန်သည်ငါးအသားအနည်းငယ်ကို စားပြီးနောက် ခေါင်းညိတ်ပြလေသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now