Chapter-71

2.1K 448 13
                                    

[ Unicode ]

Chapter 71: To pick a date is not as good as to encounter a date1. So let it be today!

အခန်း-၇၁။ တစ်ရက်ရက်မှာရုတ်တရက်ဆုံမိတာထက်စာရင် တစ်ရက်ရွေးလိုက်တာက ပိုကောင်းတယ်။ ဒီတော့ ဒီနေ့ပဲရွေးတာပေါ့!
___________________________________________

သူ့မိဘများ၏အာရုံစိုက်အလေးထားသောအကြံပြုချက်ကိုနားထောင်ရင်း လင်ကျန်းရီတစ်ယောက် ဘာပြန်ပြောနိုင်ဦးမည်နည်း။ သည်တော့ သူဘာမျှမပြောနေတော့ပါ။ သူ့နှလုံးသားလေးမှာတော့ ပျော်ရွှင်မှုတွေဖြင့် အမြှုပ်တစီစီထနေတော့သည်။

သူ၏ကြိတ်ရယ်နေခြင်းကို ခက်ခက်ခဲခဲနောက်ပြန်လှည့်ကာ (ရယ်နေခြင်းကိုမရအရရပ်တန့်ကာ) အပြင်ပန်းမှာတော့ နာခံဟန်ဖြင့်ခေါင်းညိတ်ပြလိုက်သည်။

"အဖေနဲ့အမေ စိတ်ချပါ ကျွန်တော်သူ့ကို ကောင်းကောင်းဆက်ဆံမှာပါ"

အစောပိုင်းကတည်းက သူဒါကိုပြောခဲ့ပြီး သူ့မိဘများက သူတို့၏နှလုံးသားများကို ဖွင့်ဟခဲ့ကြသည်။ ကြည့်ပါဦး အရမ်းကို ရိုးရှင်းတာပဲ။

သူတို့သား၏သဘောတူညီကြောင်း (ဂရုစိုက်မည်ဖြစ်ကြောင်း) အဖြေကိုရရှိပြီးနောက် လင်ပါ့ပါနှင့်လင်မားမာတို့ဟာ စိတ်ငြိမ်သွားခဲ့သည်။ ထို့နောက် အတင်းအဖျင်းကြိုက်သူလင်မားမာက စတင်မေးမြန်းပါတော့သည်။

"ဘယ်အချိန်လောက် လက်ထပ်ဖို့သွားကြမလဲ။ ကျစ်ယန်ကမိဘတွေမရှိဘူးဆိုတော့ အမေတို့ကပဲမင်္ဂလာပွဲတစ်ခုလုံးကို စီစဉ်ပေးရမှာပေါ့။ သားရောဘယ်လိုထင်လဲ"

လင်ကျန်းရီက ခေါင်းခါသည်။

"အမေ ကျွန်တော်အရမ်းမြန်မြန်ကြီး လက်မထပ်ချင်ဘူး"

လင်မားမာကသူမ၏မျက်ခုံးများကိုပင့်ကာ သူ့ကိုစိုက်ကြည့်သည်။

"သားကလက်မထပ်ချင်တာလား။ ဘာလုပ်ချင်တာလဲ။ သူ့ကိုသုံးပြီးမှစွန့်ပစ်တာမျိုးလုပ်ချင်တာဆိုရင်တော့ ငါ့ကိုအမေလို့ကို မခေါ်နေနဲ့တော့"

"အမေကလည်းဗျာ။ အမေ့အတွေးတွေက ဘယ်တွေလျှောက်ပြေးနေတာလဲ။ သူ့ကိုခက်ခက်ခဲခဲနဲ့သိမ်းသွင်းထားရတာ။ ဘာလို့ကျွန်တော်ကသူ့ကို လက်လွှတ်လိုက်မိတဲ့အမှားမျိုးကို လုပ်ရမှာလဲ။ ကျွန်တော်ဆိုလိုတာက ကျစ်ယန်ကအခုကိုယ်၀န်လွယ်ထားရတာလေ။ သူ့ကိုယ်၀န်ကခြောက်လနီးပါးရှိပြီဆိုတော့ ဗိုက်ကပူလာပြီ။ အိမ်မှာနားနေရင်းတောင်မှ ပင်ပန်းနေတာ။ လက်ထပ်ပွဲလုပ်တာက ဒုက္ခများပြီး ပင်ပန်းလွန်းတယ်။ ကိုယ်၀န်ပျက်သွားရင် ဘယ်လိုလုပ်မလဲ။ ရတာထက် ဆုံးရှုံးတာက ပိုမများသွားနိုင်ဘူးလား။ လက်ထပ်တာက လုပ်ကိုလုပ်မှာပါ။ ဒါပေမဲ့ သူကလေးမွေးပြီးလို့အားပြန်ပြည့်လာတဲ့အထိ စောင့်ရအောင်။ သူလက်ထပ်ပွဲလုပ်ချင်တဲ့အခါမှ ကျွန်တော်တို့လုပ်ရအောင်ပါ။ အရာအားလုံးက သူ့အပေါ်မှီခိုနေတာလေ။ အမေရောဘယ်လိုထင်လဲ"

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now