Chapter - 13 Entanglement

7.8K 1.4K 44
                                    

Zawgyi ::

လင်​ကျန်းရီ တုန့်​ဆိုင်း​နေစဉ်​မှာပင်​ စုဇစ်​​ယောင်​ဟာ အဆာ​ပြေမုန့်​တသီကြီးနှင့်​ ကိုယ်​၀န်​ရှိမရှိစစ်​​ဆေးသည့်​ ကိရိယာ​လေးကိုယူကာရ သူ​နေတဲ့အ​ဆောက်​အဦးအထဲသို့ ၀င်​သွားခဲ့ပြီဖြစ်​သည်​။ ​လှေကား​ထစ်​တွေ​ကို​ကျော်​ခဲ့ပြီး​နောက်​ ဓာတ်​​လှေကား​ရှေ့မှာရပ်​လိုက်​ကာ ခလုပ်​ကိုနှိပ်​လိုက်​သည်​။
ဓာတ်​​လှေကားကို ​စောင့်​​နေရင်းဖြင့်​ သူဝယ်​လာတဲ့ မုန့်​​တွေအများကြီးထဲက ​ချောကလက်​ပြားတစ်​ခုကိုထုတ်​ပြီး ဖြည်းဖြည်းချင်းကိုက်​၀ါး​နေ၏။ သိပ်​မကြာမှီမှာပင်​ ဓာတ်​​လှေကား​ရောက်​လာသဖြင့်​ စုဇစ်​​ယောင်​သည်​လည်း ဓာတ်​​လှေကားအတွင်းသို့ဝင်​လိုက်​ကာ ခုနှစ်​လွှာကို​ရွေးချယ်​လိုက်​သည်​၊ သူ့ပါးစပ်​မှာ ​ချောကလက်​ကို ဆက်​ကိုက်​ထားရင်းဖြင့်​။
သူသွားရမည့်​အထပ်​ကို မ​ရောက်​မချင်း အထပ်​​ရေကို ​ရေတွက်​​နေသည့်​ စခရင်​​ပေါ်က သူ့အကြည့်​​တွေကိုမခွာဘဲ ​မော့ကြည့်​​နေခဲ့​လေသည်​။

လင်​ကျန်းရီ ကား​ပေါ်မှာ အ​တော်​ကြာ​အောင်​ မလှုပ်​မယှက်​ရှိ​နေ၏။ သူ့လက်များက ​ကားစတီယာရင်​ကို တင်းကြပ်​စွာ ဆုပ်​ကိုင်​ထားဆဲဖြစ်​ပြီး စုဇစ်​​ယောင်​၏​နောက်​သို့ ​လိုက်​သွားရန်​မ​တွေးခဲ့​ချေ။
သူကားစက်​ကို စနှိုးလိုက်​၏။ အ​ရှေ့ကိုအနည်းငယ်​ဆက်​သွားပြီး​နောက်​ ကားကိုလှည့်​ကာ ​နောက်​ပြန်​ဆုတ်​လိုက်​ပြန်​သည်​။ စုဇစ်​​ယောင်​​နေသည့်​အ​ဆောက်​အဦးကို ​ကျော်​လွန်​သွားသည့်​အခါ မရည်​ရွယ်​ပါဘဲ ထိုအ​ဆောက်​အဦးကို ကြည့်​မိပြန်​သည်​။ သို့​သော်​ငြားလည်း သူ​တွေ​ဝေမ​နေသလို ရပ်​တန့်​ခြင်းမရှိပါပဲ ထို​နေရာက​နေ ကားကို​မောင်းထွက်​သွားခဲ့၏။

သူ စုဇစ်​​ယောင်​နှင့်​ပတ်​သက်​ပြီး ဘာမှမလုပ်​ရ​သေးမှီအ​တောအတွင်း သူနှင့်​ပတ်​သက်​သမျှအ​ကြောင်းအရာအားလုံးကို သိ​အောင်​အရင်​စုံစမ်းဖို့လိုအပ်​သည်​။ အကယ်​၍များ စုဇစ်​​ယောင်​ဟာ သူဟာကိုယ်​၀န်​​ဆောင်​နိုင်​သူတစ်​ဦးဆိုတာ သိလျက်​နှင့်​ လူတကာဖြင့်​ပတ်​ပြီးဆက်​ဆံ​နေသူသာဆိုရင်​ဖြင့်​ သစ်​ပင်​မှာဖြစ်​ဖြစ်​ တိုင်​မှာပဲဖြစ်​ဖြစ်​ ကြိုးဆွဲချ​ပြီး ကိုယ့်​ကိုယ်​ကိုယ်​ သတ်​​သေလိုက်​သည်​က ပို၍​ကောင်း​လိမ့်​မည်​။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now