Chapter 79: Still remembers that year...

1.6K 280 3
                                    

[ Unicode ]

အခန်း-၇၉။ အဲဒီ့နှစ်ကို မှတ်မိနေတုန်းပဲ။
___________________________________________

'ယဲ့လန်' ဟူသည့်အမည်ကို လော့ယန်ပြောလိုက်ချိန်မှာ ယဲ့ရှော်၏ခုန်ပေါက်နေသော စိတ်လှုပ်ရှားမှုများက ပျက်သုဉ်းသွားလေပြီ။ သူ့ခန္ဓာကိုယ်ပေါ်မှာ ကျန်ရှိနေသည်က ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့သာ။

တစ်ကယ်တမ်းကျ သူကငယ်ရွယ်သောတက္ကသိုလ်ကျောင်းသား လူငယ်လေးတစ်ယောက်သာဖြစ်သည်။ ဘယ်လောက်ပင် သူကြိုးစားနေပါစေ။ သူဟာ လောကကြီး၏နိယာမများနှင့့်ပတ်သတ်ပြီး အတွေ့အကြုံမရှိသေးသော ကလေးတစ်ယောက်သာဖြစ်သည်။

ထို့အပြင် လော့ယန်နှင့်သူဆုံတွေ့မိတိုင်း သူ့စိတ်တွေအလွန်အမင်းပူလောင်လာကာ နှလုံးသားကမရပ်မနားပြေးလွှားနေတော့သည်။

သည်အခိုက်အတန့်မှာ ယဲ့ရှော်ဟာ ဖုန်းမှတစ်ဆင့် လော့ယန်၏အေးစက်သောလေသံကို ခံစားလိုက်မိပြီး သူ၏အေးစက်သောမျက်နှာအမူအရာကိုပင် ခန့်မှန်းလို့ရနိုင်သည်။

သူ့နှလုံးသားလေး ကမောက်ကမအခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားရပြီး မေးခွန်းများအားလုံးကို ဘယ်လိုဖြေဆိုရမည်ဆိုတာ မသိတော့ပါချေ။

လွန်ခဲ့သောငါးနှစ်က သူ၏သင်ယူလေ့လာမှုတွင် ဂျူနီယာအထက်တန်းနှစ်နှစ်မှ စီနီယာအထက်တန်းသုံးနှစ်အထိရှိခဲ့ပြီး လော့ယန်၏တက္ကသိုလ်ကို၀င်ရောက်ခွင့်ရရန် ထူးချွန်သောရလဒ်ကို ရရှိနိုင်ခဲ့သည်။
 
သူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကောင်းစွာဖြေဆိုခဲ့ပြီး တက္ကသိုလ်အသီးသီးသို့ ဝင်ခွင့်ရရှိခဲ့သည်။ သို့သော်လည်း သူ၏ရွေးချယ်မှုအပေါ်တွင် မင်းယန်တက္ကသိုလ်ကိုသာ ရေးသားခဲ့ပြီး ကျန်အရာများကို ပယ်ချခဲ့သည်။

ထိုအချိန်မှာ တက္ကသိုလ်ဝင်ခွင့်အတွက် လိုအပ်သောရမှတ်များကို မထုတ်ပြန်သေးဘဲ ကျောင်းသားများအားလုံး သူတို့ရွေးချယ်မှုအတွက် ဖြည့်စွက်ရမည့်အရာများကို ရှာဖွေနေကြဆဲဖြစ်ကာ ယဲ့ရှော်က သူ၏ရမှတ်များ လုံလောက်မှုရှိမရှိ စစ်ဆေးရန်စိတ်မ၀င်စားခဲ့ပေ။ ချက်ခြင်းပဲ သူ့ရွေးချယ်မှုကိုသာ ဖြည့်စွက်ခဲ့သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now