Chapter 39: Can't him be stubborn! Can? Can?

4.2K 765 33
                                    

Unicode

လင်ကျန်းရီက ကြွေပန်းကန်တစ်လုံးကိုကိုင်ထားရင်းက အပြစ်ကင်းသည့်ပုံလေးဖြင့် ခေါင်းခါပြလာသည်။

"မင်းကိုယ့်ကိုအထင်မှားနေပြီ သူကသူ့စိတ်နဲ့သူထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ ဒီမနက်ကိုယ်မင်းဆီလာတော့ သူကသူ့ခရီးဆောင်အိတ်တွေကိုတောင် ထုပ်ပိုးပြီးနေပြီ သူကခပ်ငယ်ငယ်ကောင်လေးတစ်ယောက်နဲ့လိုက်သွားတာ ကြည့်ရတာသူ့အမျိုးထင်တယ် ဘာပဲဖြစ်ဖြစ်ပါ သူကအဲ့ကလေးနဲ့လိုက်သွားတာပဲ သူက ကိုယ်ကလေးအဖေဆိုတာသိတော့ သော့ပေးပြီးမင်းကိုဂရုစိုက်ဖို့ မှာသွားတယ်"

စုကျစ်ယန်ကမနေ့ကအကြောင်းတွေကိုပြန်တွေးလိုက်သည်။သူတို့ဆေးရုံကထွက်လာတော့ လော့ယန်က အရပ်ရှည်ရှည်ကောင်လေးနှင့်အတူ ဆိုင်ကယ်ဖြင့်ထွက်သွားတာကို သတိရလိုက်၏။သူစိတ်သက်သာရာရသွားသည့်တိုင် ပို၍ဝမ်းနည်းလာသည်။

"သူထွက်သွားပြီပေါ့"

စုကျစ်ယန်ကတိုးတိတ်စွာရေရွတ်လိုက်သည်။
ဘယ်လိုလုပ်ပြီး သူ့ကိုနှုတ်တောင်မဆက်သွားဘဲ ထွက်သွားနိုင်ရတာတဲ့လဲ။

လင်ကျန်းရီ၏မျက်လုံးများမှာ ကျဥ်းမြောင်းသွားရသည်။သူလက်ရှိပြောခဲ့သမျှတွေက တစ်ဝက်ကအမှန်ဖြစ်ပြီး တစ်ဝက်ပအမှားဖြစ်သည်။လော့ယန်က တကယ်ထွက်သွားခဲ့တာဖြစ်ပြီး ထိုကောင်လေးဖြင့်အတူထွက်သွားတာကလည်းအမှန်ပင်ဖြစ်သည်။သို့တိုင် သူ့ဆန္ဒအလျောက်ထွက်သွားခဲ့တာလားဆိုတာကိုတော့ သူလည်းရှင်းရှင်းလင်းလင်းမသိချေ။

ဖြစ်နိုင်တာကတော့ သူပြောခဲ့တာတွေကြောင့် ထွက်သွားဖို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်သည်။မည်သို့ဆိုစေ သူ့ရည်ရွယ်ချက်မပြည့်သေးသရွေ့တော့ သူလူဆိုးဖြစ်ရမယ်ဆိုလည်း စိတ်ထဲမထားပါချေ။

နံနက်စောစောက——

လွန်ခဲ့တဲ့ညကလင်ကျန်းရီထွက်သွားချိန်တွင် သူကစုကျစ်ယန်နှင့်အတူပြောင်းနေဖို့ စိတ်ပိုင်းဖြတ်ပြီးပြီဖြစ်သည်။စုကျစ်ယန်ကလက်မခံလျှင်ပင် လင်ကျန်းရီအနေဖြင့်လည်း လက်လျော့ဖို့စိတ်ကူးမရှိရေးချမရှိပါချေ။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now