Chapter-18 : Shotgun marriage? part 1

7.5K 1.3K 17
                                    

Zawgyi

စုဇစ်​​ယောင်​ဟာ ငိုက်​မျဉ်း​ကာ အိပ်​​မောမကျခင်​အသံအထိ အိပ်​ယာထဲမှာ လှဲရင်းအ​တွေးလွန်​​နေ၏ ။ ရုတ်​တရက်​ ​မွှေးပျံ့​သော အနံ့နှင့်​အတူ နိုးလာပြီး သူ့မျက်​လုံး​တွေကို ရှုပ်​​ထွေးစွာ ဖွင့်​ကြည့်​လိုက်​သည်​ ။ ထိုအ​မွှေးနံ့​နောက်​ကိုလိုက်​ရင်း အခန်းတံခါးကို ဖွင့်​လိုက်​၏ ။ မီးဖိုခန်းတံခါးဝကို မ​ရောက်​မချင်း ပါပီ​လေးတစ်​​ကောင်​လို တရှုံ့ရှုံ့ အနံ့ခံရင်း ​လျှောက်​လာ၏ ။

"ဒါကဘာလဲ အရသာရှိမယ့်​ အနံ့​လေး "

စုဇစ်​​ယောင်​သည်​ အိပ်​တစ်​၀က်​နိုးတစ်​၀က်​ဖြင့်​ပင်​ ရုတ်​တရက်ကြီး သူ​ဗိုက်​ဆာ​နေတာကို ခံစားလိုက်​ရသည်​ ။

"​ရေခဲ​သေတ္တာထဲမှာ စားစရာ​တွေရှိ​နေတာ​တွေ့လို့ ညစာချက်​လိုက်​တယ်​ အခုပြီးခါနီးပြီ ဧည့်​ခန်းထဲမှာ ခဏ​လောက်​ထိုင်​​စောင့်​​နေ​နော်​ ​ရော့ ဒီဟင်းခွက်​ကို အရင်​ယူသွားလိုက်​ "

လော့​ယောင်​ဟာ ဧပရွန်​ကိုဝတ်​ထားလျက်​ရှိကာ သူ့ပုံစံက chefတစ်​​ယောက်​နှင့်​ပင်​ တူ​နေ​သေး၏ ။

စုဇစ်​​ယောင်​ ပန်​ကန်​လုံးကိုယူလိုက်​ရင်း ရယ်​လိုက်​သည်​ ။

"ခင်​များ တကယ်​ဟင်းချက်​တတ်​မယ်​ မထင်​ထားဘူး "

"ဒါက ကိုယ့်​အားကိုယ်​ကိုးတယ်​​ခေါ်တယ်​ ဟုတ်​ပြီလား ကဲ သွား​တော့ မင်းရဲ့ဗိုက်ထဲက ​က​လေးကို ​ညှော်​နံ့​တွေ မီးခိုး​ငွေ့​တွေ မရှူ​စေနဲ့"

လော့​ယောင်​ စုဇစ်​​ယောင်​ကို အခန်းပြင်​ကိုတွန်းပို့ရင်း မီးဖိုခန်းတံခါးကို ပိတ်​လိုက်​သည်​ ။

စုဇစ်​​ယောင်​ သူ၏ပါးကို ခပ်​ဖွဖွကုတ်​လိုက်​သည်​ ။ အနည်းငယ်​ ရှက်​သလို ခံစားရ၏ ။ ဘာလို့များ သူရှာမိတာ အိမ်​ငှါးမဟုတ်​ပဲ က​လေးထိန်းငှါးမိသလို ခံစား​နေရပါလိမ့်​ ။

အ​တော်​ကြာ​အောင်​ ထိုင်​​စောင့်​ပြီး​နောက်​မှာ​တော့ ​လော့​ယောင်​တစ်​​ယောက်​ သုံးခုထက်​မနည်းတဲ့ ပန်းကန်​ခွက်​​ယောက်​များကို ငယ်​ကာထွက်​လာသည်​ ။ စုဇစ်​​ယောင်​၏​ရှေ့တွင်​ ထမင်းပန်းကန်​လုံးကို ချ​ပေးရင်းဖြင့်​-

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now