Chapter-10 Let's make a bet!

11.8K 1.8K 84
                                    

Zawgyi

ကိုယ့်​ဟာကိုယ်​ ယုံကြည်​မှုအပြည့်​နှင့်​ ယုံကြည်​မှုလွန်​ကဲ​နေတဲ့ လင်​ကျန်းရီတစ်​​ယောက်​ စုဇစ်​​ယောင်​ဆီမှ "မလုပ်​ဘူး"ဆိုတဲ့ အငြင်းစကားကိုကြားလိုက်​ရပြီးသည့်​အခါ Shockရသွားသည်​။သူဟာ အရမ်းခန့်​ညားတယ်​လို့ထင်​ခဲ့၏။ဆွဲ​ဆောင်​မှုရှိပြီး ငယ်​ရွယ်​​ချော​မောသည့်​အလားအလာရှိတဲ့ လူချမ်းသာတစ်​ဦးဖြစ်​သည်​။အရင်​ကဆို မြီး​ကောင်​​ပေါက်​​လေး​တွေအားလုံး သူ့အတွက်​နှင့်​ သူ့ကိုရဖို့ရာ ပြိုင်​ဆိုင်​ကြ၏။ဒါ​ပေမယ့်​ သူအားလုံးကို ငြင်းပယ်​ပြီးအ​ရေးမလုပ်​ခဲ့​ချေ။ဘယ်​သူ့ကိုမှ သူ့ဆီကအကျိုးအမြတ်​ရခွင့်​မ​ပေးခဲ့။ဒါ​ပေမယ့်​ အခု​တော့ ပထမဆုံးအ​နေနှင့်​ သူ့ကိုစိတ်​၀င်​စား​အောင်​ဆွဲ​ဆောင်​နိုင်​သူတစ်​ဦးနှင့်​ ဒိတ်​ဖို့အတွက်​ သူကိုယ်​တိုင်​မာနမထားပဲ​တောင်းဆိုခဲ့သည်​။သူထင်​ခဲ့တာက ထို​ကောင်​​လေးလက်​ခံမည်​ဟု။ရလာဒ်​က​ကောင်းလွန်းပါသည်​။အစုတ်​ပလုတ်​​လေးက တစ်​စက်​က​လေးမှ စိတ်​၀င်​စားစရာမ​ကောာင်း​ချေ။သူ့ကို "မလုပ်​ဘူး"ဆိုတဲ့ စကားတစ်​ခွန်းထဲနဲ့ တိုက်​ရိုက်​ကြီးငြင်းပစ်​၏။
ထို့​ကြောင့်​လည်း ဥက္ကဌလင်​တစ်​​ယောက်​ သူ့အတွက်​မမျှတသလိုခံစားလိုက်​ရကာ စိတ်​ပျက်​လက်​ပျက်​ပြန်​​မေးလိုက်​သည်​။

"ဘာလို့လဲ..."

စုဇစ်​​ယောင်​သူ့မျက်​လုံး​တွေကို​ရွေ့လျားကာကြည့်​လိုက်​သည်​။ဘာလို့လဲဟုတ်​လား။သေချာတာ​ပေါ့။ဘာလို့ဆို ခင်​များကစိတ်​ရှုပ်​ရာ​ကောင်းတယ်​။ရွံဖို့​ကောင်းတယ်​။ငါးအသား​ချောင်းကို စားပြီးတာ​တောင်​မှ တာဝန်​မယူချင်​ဘူး။
(XD ဘာအဓိပ္ပါယ်​လဲ ခြူးလဲမသိဘူး)

ဒါ​ပေမယ့်​လည်း အဲတာက အရင်​ဘ၀ကလင်​ကျန်းရီ​ဖြစ်​သည်​။အခုဘ၀မှာ​တော့ စုဇစ်​​ယောင်​ရဲ့ပြန်​လည်​​မွေးဖွားလာခြင်းနှင့်​အတူ လိပ်​ပြာ​လေးရဲ့သက်​​ရောက်​​မှု​တွေကလည်း အများကြီး​ပြောင်းလဲသွား၏။သူတကယ်​ပဲ လင်​ကျန်းရီဟာဘယ်​လိုလူမျိုးဖြစ်ခဲ့လဲဆိုတာ မသိ​တော့​ချေ။
တကယ်​​တော့ အရင်​ဘ၀မှာ လင်​ကျန်းရီရဲ့ပုံစံနှစ်​မျိုးကို​တွေ့ခဲ့ရသည်​။တစ်​မျိုးက သူနဲ့အတူ​​အိပ်​ယာ​ပေါ်မှာ ​ကျေနပ်စွာ​လူးလှိမ့်​ခဲ့ပြီး ​နောက်​တစ်​မျိုးက​တော့ ကိုယ်​၀န်​သုံးလမှာ သူ့ဆီက​​ရှောင်ေ​ပြးချင်​ခဲ့သည်​။သူလင်​ကျန်းရီရဲ့မျက်​နှာနှစ်​ဖက်​လုံးကိုမြင်​ခဲ့ရပြီးတာ​တောင်​ သူ့ရဲ့ပုံစံအစစ်​အမှန်​ကိုသိဖို့ မလုံ​လောက်​​သေးဘူးဖြစ်​မည်​။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Waar verhalen tot leven komen. Ontdek het nu