Chapter-2 Let go!,I'll bring you for a check up

13.7K 1.6K 32
                                    

Zawgyi

စုဇစ်​​ယောင်​ အန်​ပြီးသွား​တော့ ကားဆီကိုပြန်​လာခဲ့သည်​။ဒါ​ပေမယ့်​ ကားထဲကမီးခိုး​တွေ​ကြောင့်​ သူ​ချောင်း​စဆိုး​တော့သည်​။ကားမှန်​ကိုချလိုက်​ရင်း သူလင်​ကျန်းရီကို​ပြောလိုက်​၏။

"​ဆေးလိပ်​​ငွေ့​တွေက က​လေးအတွက်​မ​ကောင်းဘူး​နော်​"

လင်​ကျန်းရီ ​နောက်​ဆုံးတရှိုက်​ကိုရှူထုတ်​လိုက်​ပြီး ​ဆေးလိပ်​ကို
အောက်ခံပြာ​ခွက်​ထဲ ထိုး​ချေလိုက်​သည်​။ထိုအချိန်​မှာပင်​ စုဇစ်​​ယောင်​ရဲ့အ​မေးကို ကြားလိုက်​ရ၏။

"​ခင်​များ.. ဒါဘာအဓိပ္ပါယ်​လဲ စကား​လေးတစ်​ခွန်း​လောက်​ ပြန်​​ပြောဖို့အတွက်​ကို ​တော်​​တော်​ခက်​ခဲ​နေလား...."

"ဘာအဓိပ္ပါယ်​မှမဟုတ်​ပါဘူး ငါမင်းကို​ဆေးရုံကို​ခေါ်သွားမယ်​"

လင်​ကျန်းရီ စုဇစ်​​ယောင်​ကိုပြန်​​ဖြေပြီး ကားစက်​​နောက်​တကြိမ်​နှိုးလိုက်​သည်​။ပြီး​နောက်​သူ့လမ်း​ကြောင်းကို ပုဂ္ဂလိက​ဆေးရုံဆီဦးတည်​လိုက်​၏။

"....."

စုဇစ်​​ယောင်​ရဲ့ လှပတဲ့မျက်​လုံး​တွေက ရုတ်​တရက်​​ပြောင်းလဲသွားသည်​။သူလင်​ကျန်းရီကိုကြည့်​ပြီး​မေးလိုက်​၏။

"ဒီ​တော့ ခင်​များ ကျွန်​​တော့်​ကို မယုံဘူး​ပေါ့.."

"ငါမင်းကိုယုံကြည်​သင့်​လို့လား"

လင်​ကျန်းရီကလည်း အားကျမခံပင်​ ချက်ချင်ြး​​ပန်​​ပြော၏။

စုဇစ်​​ယောင်​ ​ခေတ္တခဏ ငြိမ်​သက်​သွားပြီး ​နောက်​မှီ​ပေါ် စိတ်​ပျက်​လက်​ပျက်​ မှီချလိုက်​သည်​။သူက​ခေါင်းကိုတငြိမ့်​ငြိမ့်​လုပ်​ရင်း ​ပြောလာသည်​။

"အင်း​လေ ဖြစ်​သင့်​ပါတယ်​ ခင်​များမှမဟုတ်​ဘူး ကျွန်​​တော်​လည်း စကြားကြားချင်း လုံးဝမယုံကြည်​နိုင်​ခဲ့ဘူး..."

လင်​ကျန်းရီ စုဇစ်​​ယောင်​ကို ​လှောင်​ပြုံးနှင့်​ ကြည့်​လိုက်​ပြီး လျစ်​လျူရှုလိုက်​၏။
စုဇစ်​​ယောင်​ အ​တော်​ကြာကြာငြိမ်​သက်​​နေရင်း တည်​တည်​ငြိမ်​ငြိမ်​ပင်​ ​စကားစ​ပြောသည်​။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Όπου ζουν οι ιστορίες. Ανακάλυψε τώρα