Chapter 53: The future daughter-in-law is pregnant?!

2.7K 692 55
                                    

Unicode

အခန်း ၅၃။ အနာဂတ်ချွေးမလေးက ကိုယ်၀န်ရှိနေပြီတဲ့လား။

ဘယ်အချိန်ပြန်လာမှာလဲတဲ့လား။ ဒါပေါ့... အခုပဲလေ။ ချက်ချင်းလက်ငင်းပဲ။

လင်ကျန်းရီတစ်ယောက် သူ့ရဲ့စာချုပ်စာတမ်းတွေကိုထပ်ကြည့်ဖို့ စိတ်မဖြောင့်တော့ပါ။ နေ့လည်စာဘူးကိုယူကာ ခပ်မြန်မြန်လေး ရုံးခန်းထဲမှထွက်ပြီး ဓာတ်လှေကားဆီဦးတည်လိုက်သည်။

"အိမ်မှာ သာမိုမီတာရှိလား ကိုယ်ပူတက်နေသလားဆိုတာ တိုင်းကြည့်လိုက်ပါလား"

အဲဒီ့နောက် လင်ကျန်းရီက သူ့စကားလုံးတွေကို ပြန်ဖယ်ရှားသည်။

"မေ့လိုက်တော့... နာနာခံခံလေးလှဲနေလိုက်ဦး ကိုယ်ပြန်လာခဲ့မယ်"

"အဲဒါအကုန် ခင်ဗျားအပြစ်တွေပဲ"

စုကျစ်ယန် နှာခေါင်းရှုံရင်း နှာရည်တို့ကျလာပြန်သည်။ သူ့နံ့ဘေးမှ တစ်ရှူးစကိုယူပြီးသုတ်ကာ ခပ်ဝေးဝေးလွှင့်ပစ်လိုက်သည်။

ဒါပေမယ့်လည်း နှာခေါင်းကပိတ်နေဆဲမို့ နေရတာမသက်သာပါ။ ဒီတော့ သူ့ရဲ့ဒေါသတွေဟာ လင်ကျန်းရီဆီ တိုက်ရိုက်သက်ဆင်းသွားရတော့သည်။

"အဲဒါအကုန်လုံး မနက်အစောကြီး အရူးထနေတဲ့ခင်ဗျားရဲ့အပြစ်တွေပဲ ကျွန်တော်အခု ဘယ်ဆေးမှရမ်းသောက်လို့မရဘူး အရိုးတွေထဲကလဲ မအီမသာနဲ့..."

စုကျစ်ယန် သူ့ကိုဆူပူငေါက်ငမ်းဖို့ မလုပ်ရင်တောင် လင်ကျန်းရီကသူ့ကိုယ်သူ နောင်တရနေခဲ့ပြီဖြစ်သည်။ အခုတော့ ဒီကောင်လေးဆီက နှာသံစွက်နေတဲ့ တိုင်တောသံကိုကြားတော့ သူပိုပြီးပူပန်သောကတို့ ဖြစ်တည်လာတော့သည်။

"ကိုယ်မကောင်းတာပါကွာ... ကိုယ်မကောင်းတာပါ... နည်းနည်းလေးသည်းခံထားပေးဦးနော် မကြာခင် ကိုယ်အိမ်ပြန်ရောက်တော့မယ်နော်"

လင်ကျန်းရီလျှင်မြန်စွာပင် ဓာတ်လှေကားဆီလျှောက်သွားပြီးနောက်မှာ ကားပါကင်ဆီသို့ အပြေးတစ်ပိုင်းသွားတော့သည်။ သူပြောဖို့လဲ မမေ့ပါ။

"အိမ်မှာ အဖျားကျဆေးမရှိဘူးလား ရှာပြီး နည်းနည်းလောက်အရင်သောက်ထားလိုက်ပါလား"

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now