Chapter 70: Son, Father and Mother support you!

2.4K 507 14
                                    

[ Unicode ]

အခန်း-၇၀။ သား... အဖေနဲ့အမေက သားကိုထောက်ခံအားပေးပါတယ်!
___________________________________________

"အမေရေ အေးအေးဆေးဆေးလေး မနေနိုင်ဘူးလားဗျာ"

လင်ကျန်းရီ ပြောစရာစကားမဲ့သွားရသည်။ သူ့အမေကအရမ်းကြီး ဆန္ဒစောလွန်းမနေဘူးလား။ ယောက္ခမတစ်ယောက်ရဲ့အသိတရားကရော ဘယ်နေရာမှာလဲ။

—— သူ မသိခဲ့သည်က လင်မာမားဟာ သူမ၏အနာဂတ်ချွေးမလေးကိုတွေ့ရန်အခွင့်အလမ်းများကို လွတ်သွားခဲ့ရတာကြောင့် နှလုံးသားတစ်ခုလုံး မကျေနပ်မှုတွေပြည့်နှက်နေခဲ့သည်ကိုပင်။

"မင်းကဘာလို့ဒီကိုလာတာလဲ"

သူမ၏ချွေးမကိုမတွေ့တာမို့ လင်မားမာတစ်ယောက် သူမသားလေးရောက်လာတာတောင်မှ သူမကိုယ်သူမ ပျော်ရွှင်အောင်မလုပ်နိုင်ခဲ့ပါချေ။ သူမ၏ဂိမ်းကိုပြန်မဆော့ခင် သူ့ကိုမျက်လုံးတစ်ချက်သာဝေ့ကြည့်လိုက်သည်။ လင်ကျန်းရီ၏ပါးစပ်မှာတော့ ဆန့်ငင်ဆန့်ငင်ဖြစ်သွားရတော့သည်။

"အမေ ကျွန်တော့်ကိုထွက်ကြိုတာလား။ ဘာလို့ကျွန်တော့်ကိုတွေ့ရတာကို မပျော်ရတာလဲ"

"ဟမ့်"

လင်မားမာက သူ့ကိုလျစ်လျူရှုလိုက်သည်။ သူမ၏နှာခေါင်းမှ 'ဟမ့်'ခနဲအသံပေးပြီးနောက် ဖန်သားမျက်နှာပြင်ကြီးပေါ်ရှိ သူမ၏ဂိမ်းများကိုကစားရန် စတင်အာရုံစိုက်တော့သည်။

လင်ကျန်းရီက သူ့နှာခေါင်းကို ကိုးရို့ကားရားဟန်ဖြင့် ပွတ်လိုက်သည်။ သို့သော်လည်း လင်ပါ့ပါကတော့ သူ့သားကိုအနည်းငယ် မျက်နှာသာပေးလိုက်သည်။ သူကဆိုဖာပေါ်ထိုင်လိုက်ပြီး သူ့ကိုပါထိုင်ခိုင်းသည်။

"ကျန်းရီ လာထိုင်လေ။ မင်းမှာအဖေတို့ကို ပြောစရာတစ်ခုခုရှိနေတယ်မလား"

"အင်း"

လင်ကျန်းရီက ထိုင်ချလိုက်ရင်း ခေါင်းညိတ်သည်။

"အဲဒါကဘာလဲ။ မင်းချိန်းတွေ့နေတဲ့လက်တွဲဖော်နဲ့ ဆက်စပ်မှုရှိတာလား"

လင်ပါ့ပါပြောလိုက်သည်နှင့် လင်မားမာ၏နားရွက်များထောင်သွားကာ သူမ၏မျက်လုံးများက သူတို့၏ဦးတည်ရာဆီသို့ ဆတ်ခနဲရွေ့လျားသွားသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now