Chapter 33: Is this inviting a wolf to my house?

4K 803 16
                                    

Unicode

[[..]]ထဲကစာတွေအားလုံးက ခြူးနားလည်ရလွယ်အောင် ပြန်ရှင်းထားတဲ့ T/N (my note) တွေပါ။

......................

စုကျစ်ယန်ဆီက ဖိအားပေးရင်းရစ်သလိုဆိုလာသည့် စကားတို့ကိုကြားပြီးနောက် လင်ကျန်းရီမှာစိတ်မဆိုးသည့်တိုင် ရယ်ချင်လာသည်။သူကခေတ္တမျှစဉ်းစားလိုက်သည်။နောက်ဆုံးမှာတော့ ဒီအကောင်ပေါက်လေးကို သူ့အိမ်ခေါ်သွားဖို့အတွက် သေချာတဲ့အစီအစဥ်တစ်ခုလိုနေသေးတာပင်။အတင်းအကြပ်လုပ်ခြင်းက ဘာမှမကောင်းသလို တကယ့်ကိစ္စကနှောင့်နှေးသွားရုံသာ ဖြစ်လိမ့်မည်။ထို့ထက် သက်ရောက်မှုကလည်း ကောင်းမည်မဟုတ်ချေ။

"ကောင်းပြီလေ ကိုယ်မင်းကိုအိမ်ပြန်ခေါ်သွားပေးမယ်"

လင်ကျန်းရီက စတီယာရင်ကိုထိန်းကာ ကားကိုလမ်းကြောင်းအမှန်အတိုင်း လှည့်လိုက်သည်။

စုကျစ်ယန်က ကားနောက်ခန်းကခုံမှာထိုင်နေတာဖြစ်ပြီး သူ့ဗိုက်ကလေးကိုလည်း တယုတယကာကွယ်ထားသေး၏။သို့ပေမယ့် သူ့စိတ်အစဥ်ကတော့ အငြိမ်မနေဘဲ ပြေးလွှားနေသည်။

သူက လင်ကျန်းရီကို အိမ်ပြန်ပို့ခွင့်ပေးခဲ့ပေမယ့် အိမ်ထဲဝင်ခွင့်ပေးမယ်လို့တော့ ကတိမပေးခဲ့ဘူးလေ အား.. သူမပြန်ရင်ဘယ်လိုလုပ်ရမလဲ.. မဖြစ်ဘူး လင်မျိုးရိုးလူယုတ်မာအပြင်မှာရှိနေတုန်း တံခါးကိုမြန်မြန်ပိတ်ပစ်ရမယ်.. အဲလိုသာဆို ဝံပုလွေကိုအိမ်ထဲဖိတ်ခေါ်မိတဲ့အဖြစ်မျိုးဖြစ်စရာ မလိုတော့ဘူးပေါ့...

လင်ကျန်းရီသာ စုကျစ်ယန်၏အတွေးများကို ထွင်းဖောက်မြင်နိုင်ခဲ့ပါက သူ့ကိုနောက်ထပ် တိုက်ပွဲပေါင်း ၃၀၀လောက် ဖိနှိပ်ပစ်ဖို့ရာ ဆုတောင်းနေမည်ထင်၏။
[[ဘာအဓိပ္ပါယ်လဲဆိုတာမသေချာပေမယ့် အိုင်ထင်တဲ့အတိုင်းသာဆို ကျစ်ယန်ဘဝကလည်း လွယ်မနေပါဘူး]]

လမ်းတစ်လျှောက်လုံး သူတို့မှာပြောစရာစကား မရှိခဲ့ချေ။

သိပ်မကြာခင်မှာပင် သူတို့တွေ စုကျစ်ယန်၏အိမ်အနီးသို့ ရောက်လာ၏။

လင်ကျန်းရီက အနီးဆုံးနေရာမှာ ကားပါကင်ထိုးဖို့စဥ်းစားပြီးနောက် ကားရပ်လိုက်သည်။သူကကားနောက်ဘက်ကို ပတ်သွားလိုက်ပြီး စုကျစ်ယန်၏ခါးပတ်ကိုဖြုတ်ပေးကာ ကားပေါ်ကဆင်းဖို့ ကူညီလိုက်၏။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now