Chapter 57: Wife's orders must be absolutely obeyed!

2.8K 536 12
                                    

Unicode

အခန်း-၅၇။ချစ်ဇနီးလေး၏အမိန့်မှန်သမျှကိုလုံးဝလိုက်နာရမယ်!
___________________________________________

"ဟယ်လို? ကုဖုန်းလား...ဘာဖြစ်နေတာလဲ...စာချုပ်အားလုံးမှာလက်မှတ်ထိုးပြီးပြီလား?မင်းရဲ့ customer တွေနဲ့ ညစာသွားစာရမှာမဟုတ်ဘူးလား...  ညနေခင်းထမင်းစားပွဲမှာ ညနေစာကိုပိုစားပေးဖို့နဲ့၀ိုင်လေးသောက်ပြီးလေကောင်းလေသန့်ရှူကြပါဆိုပြီးငါမင်းကိုညွှန်ကြားစရာမလိုဘူးလို့တော့ ငါမျှော်လင့်တယ်..."

သူ ကုဖုန်းရဲ့ ဖုန်းကောကိုလက်ခံရရှိတဲ့အချိန်မှာ လင်ကျန်းရီတစ်ယောက်ဟာဆိုရင်ဖြင့် ဖိုင်တစ်ခုကိုဖွင့်ကာသူစိတ်အ၀င်စားဆုံးအရာလေးကို ခိုးကြည့်နေခြင်းပင်။

သေချာတာပေါ့၊ဒါက တခြားသူတွေမမြင်သင့်မကြည့်သင့်တဲ့ဟာတွေတော့မဟုတ်ဘူး။

အခြေခံအားဖြင့် စုကျစ်ယန်တစ်ယောက် အပြင်ထွက်ကစားတဲ့အချိန် ဒါမှမဟုတ် အလုပ်ကိစ္စခရီးထွက်တုန်းက ရိုက်ယူထားသည့်ပုံတွေပင်၊အဲ့ဒီပုံတွေထဲတွင် သူ့ပုံတွေအပြင်တခြားပုံတွေလည်းရှိနေသေးသည်။

စုကျစ်ယန်၏ အဆင့်မြင့်ကင်မရာသုံးကိရိယာများကိုကြည့်ခြင်းအားဖြင့် လင်ကျန်းရီသည် ဤအကောင်ပေါက်လေးသည်စတိုင်လ် ကျမိမိုက်လိုသူတစ်ဦး ဖြစ်ကြောင်းထင်ထင်ရှားရှားသိလိုက်ရသည်။

"လင်ကျန်းရီ အာ...လင်ကျန်းရီ မင်းအရမ်းတော်ပါတယ်ကွာ!"

ကုဖုန်းသည် ရေချိုးခန်းအတွင်းသို့၀င်ပုန်းအောင်း၍ လက်ဆေးသည့်စင်ကိုအသာမှီလိုက်သည်။သူ့လက်တစ်ဖက်ကဖုန်းကိုကိုင်ထားသည့်အချိန်မှာကျန်လက်တစ်ဖက်ကသူ့အိတ်ကပ်ထဲသို့ထိုးထည့်ထားလေသည်။

သူကနောက်ပြောင်လိုဟန်အပြည့်ဖြင့်

"မင်းကမင်းရဲ့ညီအစ်ကိုကောင်းစီကနေတောင်ဖွက်ထားသေးတယ်နော်"

လင်ကျန်းရီ၏အာရုံတို့ဟာဆိုရင်ဖြင့် ဖုန်းပြောခြင်းတွင်နည်းနည်းလေးမှရှိမနေပေ။သူက စုကျစ်ယန်၏ကွန်ပျူတာထဲမှပုံတွေကိုတစ်ပုံခြင်းစီနှိပ်ကြည့်နေပြီး အားရပါးရ ရယ်မောနေမိသည်မှာသူ့ရဲ့ပါးစပ်မပိတ်နိုင်တဲ့အထိပင်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now