Chapter 49: Get out! Lao Zi wants to do Big Business!

3K 536 10
                                    

Unicode

ရေကျသံကိုနားထောင်ရင်း လူတစ်ယောက်... တိကျကျပြောရလျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသောလူတစ်ယောက်က ဂွမ်းစောင်ကို ဆောင့်ကန်လိုက်ကာ သူ့မျက်လုံးတွေကိုတော့ ဇဝေဇဝါဖြင့် ဖွင့်လာခဲ့သည်။

ဟမ်... မိုးတောင်လင်းနေပြီလား။

စုကစ်ယန်တစ်ယောက် လွန်ခဲ့တဲ့ညက လင်ကျန်းရီပြန်လာခဲ့ကြောင်း အကြာကြီးမေ့လျော့နေခဲ့သည်။

မသိစိတ်ကတွေးမိသည်က ဘယ်သူမှပြန်မလာခဲ့ဘူးလို့ပေါ့။ ဒီအချိန်မှာပဲ ရေချိုးခန်းထဲက ရေကျသံကိုသူကြားလိုက်ရသည်။

သူတဖြည်းဖြည်း ကောင်းကောင်းနိုးလာခဲ့ပြီး သူ့ဘာသာတွေးလိုက်မိတာက 'ညတုန်းက ရေဘုံဘိုင်ခေါင်းကို ပိတ်ဖို့မေ့သွားခဲ့တာလား'လို့ပေါ့။

မဟုတ်သေးဘူး။ သူရေဘုံဘိုင်ခေါင်းကို မပိတ်ခဲ့မိတာဆိုရင် ညကအိပ်ရာ၀င်တော့ ဘာလို့သတိမပြုခဲ့မိတာလဲ။

စုကျစ်ယန် သူ့အ၀တ်တွေကို စိတ်မပါလက်မပါ၀တ်လိုက်သည်။ သူအိပ်ရာကထပြီး ရှူးဖိနပ်စီးကာ ထလျှောက်လိုက်သည်။

သူနိုးလာတဲ့မနက်ခင်းတိုင်းမှာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းသည့် အလေ့အကျင့်ရှိသည်။ အဲဒါကတော့ အိမ်သာသွားတာပါပဲ။

အဓိကအိပ်ခန်းတံခါးကို ဖွင့်လိုက်သည့်အချိန်မှာ ရေကျသံရပ်သွားပြီး စုကျစ်ယန်လည်း သမ်းဝေလိုက်သည်။ ညကလင်ကျန်းရီ ပြန်လာတာလား၊ မလာတာလားဆိုတာ စူးစမ်းဖို့ရာ ရေချိုးခန်းဆီဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

—— သူ့အိမ်က ဇိမ်ရှိတဲ့ဗီလာတစ်ခုမဟုတ်။ ဒီတော့ ရေချိုးခန်းကသန့်စင်ခန်းဖြစ်ပြီး သန့်စင်ခန်းကရေချိုးခန်းဖြစ်သည်။ သဘာ၀ကျကျပင် အိမ်သာခွက်က ရေချိုးခန်းထဲမှာဖြစ်သည်။

မီးလင်းလာပြီးနောက် ရေချိုးခန်းထဲက ညည်းညူသံကို သူကြားလိုက်ရသည်။ သူအံ့အားတကြီးနှင့် တံခါးကိုဆွဲဖွင့်လိုက်သည်။ ရလဒ်ကတော့ သူ့မျက်လုံးတွေကို ပြူးကျယ်သွားစေတာပဲ။

လင်ကျန်းရီကြီးဟ....။ သူညက ပြန်လာခဲ့တာလား။

သူလင်ကျန်းရီအတွက် တံခါးဖွင့်ပေးခဲ့ပုံရကြောင်း ဝိုးတိုးဝါးတားမှတ်မိသွားချိန်မှာ စုကျစ်ယန် နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now