Chapter 74: Aiyo, my little ancestor! Why are you crying?

2K 359 3
                                    

[ Unicode ]

အခန်း-၇၄။ အိုင်းယား၊ကိုယ့်ရဲ့ဘိုးဘေးလေး!ဘာ့​ကြောင့်များမင်းငိုနေရတာလဲ?
___________________________________________

လက်စွပ်လား?

"အဲ့ဒါက မလိုပါဘူး ... "

စုကျစ်ယန်ကတွေးလိုက်မိသည်။  အခု သူက လင်ကျန်းရီနဲ့ အတူတူနေထိုင်ပြီး သူ့မိဘတွေကိုတောင် မြင်ဖူးသွားရုံသာမက ကလေးတွေလည်းရှိနှင့်နေပြီ၊ လက်စွပ် ဆိုတာက သင်္ကေတတစ်ခုထက်မပိုတော့ပေ။  မည်သို့ပင်ဆိုစေကာမူ၊ သူတို့အနေဖြင့် လက်ထပ်ရန်လည်း အလျင်စလိုမဖြစ်ချေ။

ဒါဖြင့် လက်စွပ်ကိုဘာကိစ္စစောဝယ်နေဦးမှာလဲ?
သူ့အတွက် ဒီအတိုင်းအပိုကြီးဖြစ်နေတယ် ...

“မဟုတ်ဘူး!  ရှိရမယ်!  ဒါကိုပြင်ဆင်ထားရမယ်! "

ကျန်းဟွားရှန်က စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သည်။

"ကျစ်ယန် သားလိမ္မာလေး၊ သားအနေနဲ့ မားကိုကတိပေးနိုင်မလားဟင်? မားက ဒါမှပိုပြီး ခံစားရကောင်းမှာ မဟုတ်ရင် သားအပေါ် မားတို့က အမြဲတမ်း အမှားလုပ်ထားမိတယ်လို့ ခံစားနေရလိမ့်မယ်..."

သူမက ထိုသို့​ဆိုလာသောအခါ စုကျစ်ယန်အနေဖြင့် မည့်သည့်စကားများအားပြန်ပြောနိုင်ပါအံ့နည်း။သူ့မှာ ခေါင်းညိတ်ပြပြီး သဘောတူလက်ခံရုံသာ တတ်နိုင်တော့သည်။

သူ့ဘေးမှ လင်ကျန်းရီသည်လည်း ပျော်ရွှင်မှုအပြည့်ဖြင့်ခေါင်းညိတ်လေသည်။

မှန်တယ်!  လက်စွပ်!  သူဘာလို့အဲ့ဒါကို အစောကြီးကတည်းကမစဉ်းစားခဲ့မိပါလိမ့်?

— သူ နေ့တစ်နေ့မှာ ကျစ်ယန်ကိုမြဲမြံစွာ ဆုပ်ကိုင်ထားနိုင်တဲ့သဘောကိုဆောင်တဲ့ လက်စွပ်နှစ်ကွင်းကို ဝယ်၀တ်ဖို့ရာရှာရမယ်!

-မဟုတ်ဘူး၊ နောက်နေ့မဟုတ်ဘူး။  မနက်ဖြန်ကို သူချက်ချင်းသွားရမယ်!

“ဟုတ်သားပဲ! သားအနေနဲ့ အမြဲတမ်းပင်ပန်းတယ်လို့ ခံစားနေရတယ်ဆိုရင်၊ ကိုယ်ဝန်ဆောင်တွေလုပ်ရတဲ့ လေ့ကျင့်ခန်းအချို့ကို သားစမ်းပြီးလေ့ကျင့်ကြည့်ပါလား။ မားရဲ့အတွေ့အကြုံအရ ဆိုရင် ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းတွေက အရမ်းအသုံးဝင်တယ်ရယ်...ကျန်းကျန်းကို သားသင်တန်းတစ်ခုခုတက်ဖို့စာရင်းသွင်းခိုင်းပြီး သားအတန်းဖော်တွေနဲ့ အားကစားနည်းတချို့ကို အတူတူလုပ်ကြည့်ကြလေ "  ကျန်းဟွားရှန်က အပြုံးလေးမျာဖြင့်ပြောလိုက်သည် ။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now