Chapter 31: Vinegar flavor flying all over the sky, flying all over the sky

5.1K 901 72
                                    

Unicode

Chapter 31: ရှာလကာရည်အနံ့ဟာ ကောင်းကင်တစ်ခွင်ပျံ့နှံ့!
___________________________________________

လော့ယန်ထံသို့ စုကျစ်ယန်ထံမှ ဖုန်းလက်ခံရရှိချိန်တွင် သူသည်စာသင်ခန်းအတွင်း၌ ကျောင်းသားများကိုစာသင်နေချိန်ဖြစ်သည်။
သူသည် ဖုန်းစခရင်ထက်တွင်ပေါ်နေသည့်နာမည်ကို အနည်းငယ်စိုက်ကြည့်နေမိသွားသည်။

မနေ့က ကျစ်ယန်ဟာ လူတစ်ယောက်၏ ဆွဲခေါ်သွားခြင်းကိုခံလိုက်ရပြီးအခုချိန်အထိပြန်ရောက်မလာသေးပေ။ဒီ့အပြင် ကျစ်ယန်တစ်ယောက် အပြင်တွင်တစ်ညလုံးနေသည်မှာပုံမှန်ဖြစ်သည့်တိုင် လော့ယန်တစ်ယောက် ခံစားရသည်မှာ အဆင်မပြေဖြစ်နေဆဲပင်။

လော့ယန်က သူ၏လက်ကိုမြှောက်ပြီးကျောင်းသားများကို အချက်ပြကာ သူ၏ဖုန်းကိုထုတ်၍စာသင်ခန်းထဲမှထွက်လိုက်သည်။  ထို့နောက် သူသည်  မနေ့ကထိုလူနှင့်ထွက်ခွာသွားပြီးနောက်ဘာတွေဆက်ဖြစ်ခဲ့သလဲဆိုတာကိုမေးရန်အတွက်ဖြေဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။ ဥပမာ'ကလေးအဖေဟာတကယ်ပဲသူလား '၊ ' မင်းတို့နှစ်ယောက်ပြန်ပြီးအဆင်ပြေသင့်မြတ်နေကြပြီလား၊´ 'ကမ္ဘာကြီးရဲ့ဘာအကြောင်းများပြောနေခဲ့လို့ တစ်ညလုံးအိမ်ပြန်မလာတာလဲ´ဟူ၍။သို့ပေမယ့် သူမမေးမပြောရသေးခင် စုကျစ်ယန်ရဲ့အသံကအရင်ဆုံးထွက်လာခဲ့သည်။

"လော့ယန် ကျွန်တော် ခင်ဗျားကိုမေးစရာလေးရှိလို့!"

စုကျစ်ယန်က အိပ်ရာပေါ်တွင်လဲလျောင်းနေရင်း သူ့ဘေးရှိလင်ကျန်းရီကို တစ်ချက်ကြည့်လိုက်သည်။ သူက လော့ယန်နှင့်ဖုန်းပြောသည့် အကြောင်းအရာများကို သူ့ကိုလုံး၀မကြားစေချင်ပင်။

သူက လော့ယန်သူ့ကို နောက်ပိုင်းဆေးရုံဆင်းရာ၌ လာခေါ်လိမ့်မယ်ဟု​ ပြောခဲ့ပြီးဖြစ်သည်။ 
ဘာလို့များ ဒီလူမထွက်သွားရသေးတာလဲ?

"ဘာဖြစ်တာလဲ?  မင်းကိုယ့်ကိုပြောပါ" 

လော့ယန်က လိုရင်းကိုသာတည့်တည့် ပြောလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို ပုဂ္ဂလိကဆေးရုံမှာ လာခေါ်ပေးနိုင်မလား ?"

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now