Chapter 61: Expressing sincerity, finally had gotten relief!

2.7K 549 20
                                    

အခန်း ၆၁ : ရိုးသားမှုကိုဖော်ပြရင်း နောက်ဆုံးတော့ သက်သာရာရခဲ့ပြီ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဖြေကိုစောင့်နေစဥ်မှာပင် စုကျစ်ယန်မှာ စိတ်လှုပ်ရှားနေခဲ့ပြီး လက်ဝါးနှစ်ဖက်မှာပင် ချွေးစို့လာသည်။

မေးခွန်းရဲ့အဖြေက သူသိချင်မယ့်အရာမဟုတ်နိုင်ဘူးဆိုတာ သူရှင်းရှင်းလင်းလင်းသိနေသည့်တိုင် သူ့နှလုံးသားထဲမှာတော့ ထိုမေးခွန်းကို အချိန်အကြာကြီးမြှုပ်နှံထားဆဲပင်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ ဒီပြဿနာကိုသူရင်ဆိုင်ရမှာပါပဲ။

သူတို့ကြားက အရာမှန်သမျှကို စောစောစီးစီး၊ ရှင်းလင်းအောင်လုပ်ထားတာက ပိုကောင်းသည်။ထိုအရာက သူ့ခံစားချက်တွေကို ထပ်မထိန်းချုပ်နိုင်တော့လျှင် အပျက်ပျက်ဖြင့်သွေးထွက်ရသည်တော့ ပို၍သက်တောင့်သက်သာရှိ၏။

သူ့လက်တွေကြားကလူ၏ကိုယ်လေးမှာ အလိုအလျောက်တင်းကြပ်လာပြီး အသက်ရှူသံသည်လည်း ပြင်းလာသည်။လင်ကျန်းရီက စုကျစ်ယန်ကိုဖက်ထားဆဲပင်။ ထိုသိသာတဲ့တုန့်ပြန်မှုကနေတောင်မှ ဘာလို့များ ကျစ်ယန်စိတ်လှုပ်ရှားနေတာကို သူမရိပ်မိခဲ့ပါလိမ့်။

လင်ကျန်းရီကသက်ပြင်းကို ခပ်ဖွဖွချလိုက်သည်။ဒီတော့ ဒီအကောင်ပေါက်လေး စိုးရိမ်နေတဲ့ကိစ္စက ဒါပေါ့။ ကျစ်ယန်က သူ့ကိုသူ့မိဘတွေနှင့်မိတ်မဆက်ပေးခဲ့တဲ့အတွက် အခုထိအပြစ်တင်နေသေးတယ်ဟု ခံစားနေရသည်။

သို့ပေသိ၊ နောက်ဆုံးတော့ သူမေးလာခဲ့ပြီ။ သူသာ ကျစ်ယန်နှလုံးသားထဲမှ ထိုပြဿနာကြီးကို မဖြေရှင်းဘဲထားပြီး သူ့စိတ်ထဲမှာ အတွေးမှားတွေသာ စဥ်းစားနေစေခဲ့ပါက သူတို့ကြားကဆက်ဆံရေး ဝေးသထက်ပိုဝေးလာမည်ကို သူကြောက်ပါသည်။

“ဒီမေးခွန်းက ခင်များဖြေဖို့အရမ်းခက်နေလို့လား”

စုကျစ်ယန်မှာ ဘာအဖြေမှပြန်မရသည့်အခါ စိတ်မရှည်သလိုဖြစ်လာပြီး လင်ကျန်းရီ၏ပွေ့ဖက်မှုတွေကြားမှ ရုန်းထွက်ဖို့ပင် အသင့်ဖြစ်နေသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now