Chapter 58: He can finally take his wife home!

2.9K 544 20
                                    

Unicode

အပိုင်း ၅၈: နောက်ဆုံးတော့ ဇနီးလေးကို အိမ်ခေါ်နိုင်ခဲ့ပြီ
___________________________________________

လင်ကျန်းရီတစ်ယောက် အလုပ်များနေခဲ့သည်။သူက ကွန်ပျူတာကို သေတ္တာတစ်လုံးထဲမှာ သက်သက်ခွဲပြီးထုပ်ပိုးခဲ့သည်။ပြီးသွားသည့်နောက် သူက ခရီးဆောင်အိတ်နှင့်သေတ္တာကိုအတူထားလိုက်ကာ လက်ခုပ်တီးလိုက်ပြီး ကျေကျေနပ်နပ်ပင် ခေါင်းတညိမ့်ညိမ့်လုပ်နေ၏။

အမ်း နောက်ဆုံးတော့ ထုပ်ပိုးလို့ပြီးပြီဖြစ်၏။ အခုတော့ မနက်ဖြန်ရောက်လာဖို့ကို စောင့်ရုံသာကျန်ပြီး ထိုလူသားလေးကို အိမ်ကိုခေါ်သွားရုံမျှသာ။

လင်ကျန်းရီက မီးဖိုချောင်ထဲကိုသွားပြီး ပန်းကန်တွေနှင့်တူတွေကို သန့်ရှင်းလိုက်သည်။ စုကျစ်ယန်က အဲတာက အစောကြီးရှိသေးတယ်ဆိုတာကို တွေ့ခဲ့ရသည်။ သူကတစ်နေ့ခင်းလုံးအိပ်နေခဲ့ပြီး သူ့စိတ်ဝိဥာဥ်ကလည်း ပို၍ကောင်းလာသလို ခံစားလိုက်ရသည်။ သူထပ်မံ၍ မအိပ်လိုတော့ပေ။ ထို့ကြောင့် သူအိပ်ယာကထလိုက်ပြီး ဧည့်ခန်းထဲသွားကာ TVကြည့်တော့သည်။

သူနိုးလာတာတွေ့ပြီး လင်ကျန်းရီမှာ လုပ်လက်စအလုပ်တွေကိုပစ်ချပြီး သူ့နောက်ကိုမလိုက်ဘဲမနေနိုင်ခဲ့ချေ။

"သန့်စင်ခန်းသွားမလို့လား ကိုယ်မင်းနဲ့လိုက်ခဲ့မယ်"

"မဟုတ်ဘူး TVကြည့်ရုံလေးပဲ"

"အာ ဒါဆိုလည်း ကိုယ်TVဖွင့်ပေးမယ်လေ"

လင်ကျန်းရီကနောက်ကလိုက်လာသည်။ စုကျစ်ယန်ကအခုထိ ညဝတ်စုံဖြင့်ပင်ရှိနေဆဲဆိုတာကို တွေ့လိုက်ရပြီးသည့်အခါ သူ့ကိုတားလိုက်သည်။

"ခဏ ကိုယ်မင်းလဲဖို့ အဝတ်တွေယူပေးမယ်"

"ဘာအဝတ်တွေလဲ ကျွန်တော်မအေးပါဘူး"

စုကျစ်ယန်က ဆိုဖာမှာ ဖြည်းဖြည်းချင်းထိုင်ချပြီး remoteထံသို့လက်လှမ်းလိုက်သည်။

လင်ကျန်းရီက သူ့လက်ကိုဖိချလိုက်ပြီး

“ ခဏလောက်စောင့်ဦး၊ တီဗီကလည်းပဲဓာတ်ရောင်ခြည်ဖြာထွက်တယ်...ရောင်ခြည်ဆန့်ကျင်တဲ့အ၀တ်တွေအရင်၀တ်ထား...ဟုတ်ပြီလား?"

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ