Chapter-8 The so-called extreme joy begets sorrow

11.4K 1.8K 108
                                    

Zawgyi

တစ်​စုံတစ်​​ယောက်​က​တော့ စိတ်​လှုပ်​ရှားမှု​ကြောင့်​ သူ့ရဲ့နာကျင်​​နေတဲ့ ကိုယ်​​အောက်​ပိုင်းက ​သွေးထွက်​​နေတာကို ​မေ့သွားခဲ့သည်​။သူက ရုတ်​တရက်​ ထငိုလိုက်​ပြန်​သည်​။တစ်​ချိန်​ထဲမှာ ပြုံး​နေပြန်​​၏။အခု​တော့ လှပတဲ့မျက်​နှာ​လေး​ပေါ်မှာ အပြုံးတစ်​ခုရှိ​နေသည်​။

ဟား ဟား ဟား!(ဟား သုံးကြိမ်​) သူကတကယ်​ကို ​တော်​တဲ့လူပဲ!
ထီလက်​မှတ်​!!!သူ အရင်​ဘ၀ ထီ​ပေါက်​စဉ်​နံပါတ်​​တွေကို မှတ်​မိ​နေ​သေးတယ်​​လေ အ​ဟေး​ဟေး!!!!

သေချာတာ​ပေါ့ ​နောက်​တစ်​ခါ ပြန်​လည်​​မွေးဖွားလာရတာလဲ အဆိုးကြီးပဲ​တော့ မဟုတ်​ပါဘူး။
နာကျင်​မှု​တွေက လုံးဝကြီးမသက်​သာ​သေး​ပေမယ့်​ စုဇစ်​​ယောင်​ ကုတင်​​ပေါ်က ဆင်းလိုက်​ပြီး အ၀တ်​အစားစလဲလိုက်​သည်​။ပြီး​တော့ သူ့ရဲ့ပိုက်​ဆံအိတ်​က​လေးကို ယူပြီး အခန်းထဲက ​ပြေးထွက်​လိုက်​​တော့သည်​။သူ့ကိုယ်​ကအားနည်း​နေ​သေး​ပေမယ့်​​ပေါ့။

သူဟာထီလက်​မှတ်​၀ယ်​ဖို့ အ​ပြေးအလွှားသွားလိုက်​သည်​။ပြီးရင်​​တော့ အစားအ​သောက်​နဲ့ အ၀တ်​အစား​တွေအတွက်​ ပူစရာမလို​တော့​ချေ။

ဟား ဟား ဟား !

အ​ပျော်​​တွေပြည့်​​နေတဲ့ စုဇစ်​​ယောင်​တစ်​​ယောက်​ သူတို့တိုက်​ခန်းက ဓာတ်​​လှေကားက ပြန်​မပြင်​ရ​သေးတာကို ​မေ့​နေသည်။သူသတိပြန်​မရမချင်း ထို​ဓာတ်​​လှေကား​ရှေ့မှာ အချိန်​အ​တော်​ကြာ​အောင်​ ​စောင့်​​နေ၏။
စောင့်​​နေစမ်းပါ ငါသာထီ​ပေါက်​သွားရင်​ Villaအကြီးကြီး​ကိုဝယ်​ပစ်​မယ်​။နောက်​ထပ်​ ဓာတ်​​လှေကားကို ​စောင့်​စရာမလို​တော့ဘူး။

စုဇစ်​​ယောင်​ဟာ နာကျင်မှုေ​တွကို အံကြိတ်​ရင်း ​လှေကားကို ​နောက်​တစ်​ကြိမ်​ အသုံးပြုရပြန်​သည်​။

လမ်းထိပ်​က သတင်းစာဆိုင်​ရဲ့ဝင်​​ပေါက်​နားကို သူ​ရောက်​လာပြီ။ထီ​ပေါက်​စဉ်​​ကိုပဲ အာရုံ​ရောက်​​နေတဲ့စုဇစ်​​ယောင်​ဟာ လမ်းကြည့်​သွားဖို့ ​မေ့သွားသည်​။ဆိုင်​ထဲကိုဝင်​ဖို့ လှည့်​လိုက်​တဲ့အချိန်​မှာပဲ ကားဟွန်းသံအကျယ်​ကြီးနဲ့အတူ ဘရိတ်​အုပ်​လိုက်​လို့ ကားတာယာနဲ့လမ်းမ ပွတ်​ဆွဲလိုက်​သံကြီးကိုပါ ကြားလိုက်​ရသည်​။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)حيث تعيش القصص. اكتشف الآن