《17》

1.7K 327 14
                                    

Unicode

အပိုင်း(၁၇) - ကိုယ့်ကိုကိုယ်ဖျတ်ဆီးခြင်း

ဖေးချန်လင်းကအံ့အားတစ်သင့်ဖြစ်နေပြီးနန်ဝူယွဲ့ကတော့အမူအယာမဲ့စွာကြည့်နေသည်။ဘယ်လိုပဲဖြစ်ဖြစ်မိုရိရွှမ်းရဲ့ကိုယ်ပေါ်မှာသူချန်ထားခဲ့တဲ့ချီအမှတ်အသားကသူ့ဆရာချဉ်းကပ်လာပြီဆိုတာကိုအစောကြီးကတည်းကအချက်ပြပေးပြီးသားပဲလေ

"မင်းတို့သုံးယောက်...."

ဂိုဏ်းချုပ်ကစကားစလိုက်ပြီးနောက်အသိစိတ်မဲ့နေသည့်ကျွင်းကျန်းဆီသို့လျှောက်သွားလိုက်သည်

"ဘာတွေဖြစ်ခဲ့တာလဲ?!"

"သူအနားယူနေတာ" မိုရိရွှမ်းကဗြောင်ပဲပြောလိုက်ကာသူ့မျက်လုံးကတော့နန်ဝူယွဲ့ရဲ့ပုံရိပ်ဆီဖြတ်သန်းသွားလိုက်ပြီးမှလေထဲသို့တစ်စုံတစ်ခုကိုဖြစ်သလိုပစ်လွှတ်လိုက်သည်။ချက်ချင်းပင်အသံကာအတားအဆီးတစ်ခုပေါ်လာပြီးအပြင်ဘက်ကမ္ဘာမှဆူညံမှုများအားလုံးကိုဖြတ်တောက်ပစ်လိုက်သည်။

မိုရိရွှမ်းကသူ့တပည့်ကိုဆီကနေတစ်ဖက်သို့လှည့်လိုက်ပြီးစကားစပြောလိုက်သည်။အကယ်၍ကျင့်ကြံသူတွေကနှုတ်ခမ်းလှုပ်တာကိုဖတ်တတ်တယ်ဆိုရင်တောင်သူမအံသြပေ။

"ကျွန်တော်သူ့ကိုမေ့အောင်လုပ်လိုက်တာ...ဒါပေမဲ့သူအရင်စတိုက်တာ" သူကဆက်ပြောပြန်သည်။

"သူ့ကိုဘယ်လိုကုပေးရမလဲဆိုတာကိုသိလား?"

ဖေးချန်လင်းကသူ့ကိုတစ်ချက်ကြည့်လိုက်ပြီးမှကျွင်းကျန်းနှင့်သူ့တပည့်ငယ်လေးကိုပြန်ကြည့်လိုက်သည်။

"ထွက်သွားနှင့်..ပြီးမှငါမင်းကိုဆင့်ခေါ်လိုက်မယ်"

လူငယ်လေးကနှစ်ခါပြန်ပြောစရာပင်မလိုပဲအခန်းထဲမှထွက်သွားတော့သည်။ဖေးချန်လင်းကသူ့အကြည့်ကိုသူ့ဂျူနီယာညီလေးဆီပြန်ပို့၍ရုတ်တရက်လေးနက်သွားသည်။

"အခုကနှစ်တွေတောင်ကြာသွားခဲ့ပြီရွှမ်းအာ...ဘာလို့အဲ့ဒီလိုပြောတာလဲ?"

ပြီးတော့လည်းအတိတ်တုန်းကဆိုရင်မိုရိရွှမ်းကသူ့ရဲ့စီနီယာအကိုကြီးကျွင်းကျန်းရဲ့ကံကြမ္မာအားဘယ်တုန်းကမှဂရုမစိုက်ခဲ့ပေ။

Cultivation Retirement Plan (BL)Where stories live. Discover now