《37-2》

574 95 3
                                    

Unicode

အခန်း(၃၇-၂) - ကြွယ်ဝသော ရိတ်သိမ်းမှု

"ဆင်တူမှုတွေအကြောင်းပြောရအောင်" ဆုရှီမုံက အကျဉ်းချုံပြောသည်။

"ခံရသူအားလုံးက ဆုအိမ်တော်ရဲ့ အလုပ်သမား၊ လုပ်ဖော်ကိုင်ဖက်နဲ့ အထက်က မိသားစုတွေကနေ တစ်ဆင့် သက်ဆိုင်နေတဲ့သူတွေ ဖြစ်တဲ့အပြင်  အသက် (၄၅) ဒါမှမဟုတ် ပိုငယ်တဲ့ ယောကျာ်းလေးတွေကြီးပဲ ပြီးတော့ သေဆုံးတဲ့အချိန်မှာ ကျောက်စိမ်းတွေ ကိုင်ထားကြတယ်, ကျွန်တော် အတည်ပြုထားတာအရဆိုရင် သူတို့လက်ထဲက ပစ္စည်းက တကယ့်ကို ဆုအိမ်တော်က ပေးထားတဲ့ 'ကံကောင်းစေတဲ့ကျောက်စိမ်း'တွေပဲ"

"ယဲ့ကျီရဲ့ အပိုင်းကရော ဘယ်လိုလဲ" နန်ဝူယွဲ့ကမေးလာသည်။

ဆုရှီမုံက ရှုံ့မဲ့သွားသည်။

"အဲ့ဒါက ငါ့အကိုက အဲ့ဒီလူရဲ့ ကျောက်စိမ်းတွင်းတွေ ပျက်စီးသွားတယ်ကြားလို့ လက်ဆောင်အနေနဲ့ ပေးလိုက်တာတဲ့"

"ဘယ်သူက သွားပို့တာလဲ?" မိုရိရွှမ်းက ဖိမေးသည်။

"ဒီအတိုင်း သာမာန်အစေခံလေးပါပဲ" ဆုရှီမုံက ပြန်ဖြေသည်။

"သူက အသက်ရှင်နေတုန်းပဲ"

"အဲ့ဒီ ကံကောင်းစေတဲ့ ကျောက်စိမ်းတွေက ဘယ်ကရတာလဲ?"

"အသိသာကြီးပဲလေ, ဆုမျိုးနွယ်စု မိုင်းတွင်းကပေါ့" ဆုရှီမုံက စကားဆက်သည်။

"ကျွန်တော် မိုင်းတွင်း ရက်စွဲတွေနဲ့ နေရာတွေကိုတောင် အကျဉ်းချုန်း ကြည့်ထားသေးတယ်— အဲ့ဒီမှာ ဘာမှ ထူးဆန်းတာ မရှိသလို ယဲ့ကျီရဲ့ ပျက်စီးသွားတဲ့အပိုင်းနဲ့လည်း မနီးနေဘူး"

"သူတို့တွေ ဘယ်ကနေ ရိတ်သိမ်းတာလဲ ဆိုတဲ့ကိစ္စက အကယ်၍သာ ငါတို့တွေ ကျောက်စိမ်းကို ပျက်စီးစေတဲ့ အရာ ဒါမှမဟုတ် တစ္စေကို အရင်ဆုံး အတည်ပြုနိုင်မယ်ဆိုရင် အရေးမကြီးတော့ဘူး" မိုရိရွှမ်းက အကြောင်းပြချက်ပေးသည်။

"တကယ်တော့—နန်ဝူယွဲ့, ငါ့ကို အသက်ရှင်နေသေးတဲ့ သားကောင်ဆီက အပိုင်းအစကို ယူလာပေး"

Cultivation Retirement Plan (BL)Where stories live. Discover now