《33》

1.1K 152 14
                                    

Unicode

အခန်း(၃၃) - တစ္ဆေနှစ်ကောင်ရဲ့ပုံပြင်

နောက်တစ်နေ့ မနက်ခင်းမှာ မိုရိရွှမ်းက ပြတင်းပေါက်မှ တစ်ဒေါက်ဒေါက်သံကြောင့် နိုးလာရသည်။ ရင်းနှီးနေတဲ့ ချီစွမ်းအင်ကို ခံစားမိတာကြောင့် တောင်သခင်က သစ်သားဘောင်အား လက်ညှိုးညွှတ်လိုက်သည်။ ပြတင်းပေါက်က စာရွက်စင်္ကြာလေး ဝင်လာလို့ ရလောက်တဲ့အထိ လုံလောက်အောင် ပွင့်သွား၏။ သူက ဝင်လာတဲ့ origami အား ဖမ်းယူလိုက်ပြီး အိုးရန်ချောပို့လိုက်တဲ့ စာအား အကြမ်းဖျင်းဖွင့်ဖတ်လိုက်သည်။

- ဘယ်အချိန်ပြန်လာမှာလဲ?

"......" မျက်မှောင်တစ်ချက်ကြုံ့လိုက်သည်နှင့်အတူ မိုရိရွှမ်းက စာရွက်အား ဘေးဘက်ကိုပစ်ထုတ်လိုက်၍ ပြန်အိပ်နေတော့သည်.

သင့်လျော်တဲ့ အချိန်တစ်ခုတွင် တောင်သခင်က နောက်တစ်ဖန် ပြန်နိုးလာပြီး အဝတ်အစား ဝတ်ဆင်ပြီးမှ စာကို အကြမ်းဖျင်းပြန်လိုက်သည်။ သူက သူ့ origami လှေအား ပြန်ပို့ဖို့ ပြင်လိုက်တဲ့အချိန်မှာပင် တံခါးဆီမှ နောက်ထပ် ခေါက်သံတစ်ချက် ထပ်ထွက်လာ၏။

"ဝင်လာခဲ့" မိုရိရွှမ်းက ဝင်ပေါက်မှာရှိတဲ့ ဝိညာဏ်စွမ်းအင် လက္ခဏာအား သတိပြုမိတာကြောင့် ပြန်ပြောလိုက်သည်။

"မင်္ဂလာ မနက်ခင်းပါ, ရှစ်စွမ်း"

နန်ဝူယွဲ့က နှုတ်ဆက်စကားနဲ့အတူ အထဲဝင်လာသည်။ သူက အခြေခံကျသည့် ဝမ်းနည်းခြင်းအထိန်းအမှတ် တပည့်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ဖက်ရည်နဲ့မုန့်တစ်ချို့ ပါဝင်သည့် ဗန်းတစ်ခုကို ကိုငဆောင်လာသည်။

မိုရိရွှမ်းက စားသောက်ဖို့ လိုအပ်မှုအဆင့်အား အစောကတည်းက ကျင့်ကြံအောင်မြင်သွားခဲ့ပြီဖြစ်ပြီး ဒါက နံနက်ခင်းလုပ်နေကြ အလေ့အထ တစ်ခုသာ ဖြစ်သည်။

"တာအိုအရှင်ဆုက သူ့အမေဆီ သွားလည်ပြီးပါပြီ, ပြီးတော့ သူ့အမဆီကနေလည်း စာရင်းရလာပြီ, ဆရာဆုကတော့ သူ့စာဖတ်ခန်းမှာ တင်ပြချက်တွေနဲ့ အလုပ်လုပ်နေပြီး ကျွန်တော်တို့နဲ့ တစ်နာရီအတွင်း တွေ့ဆုံပါလိမ့်မယ်"

Cultivation Retirement Plan (BL)Where stories live. Discover now