《15》

3.4K 435 8
                                    

Unicode

အခန်း(၁၅) - နှင်းတောထဲမှခြံဝင်း

စကားပြောတဲ့အော်ရီဂမီလား?

မိုရိရွှမ်းသည်လေထဲမှာမြောနေသည့် စက္ကူလေးကိုကြည့်ရင်းခဏမျှအာရုံ ထွေပြားသွားမိသည်။ထိုစက္ကူကြိုးကြာ လေးကခေတ္တခဏစောင့်ဆိုင်းနေပြီး နောက်သူ့အတောင်ပံများကိုထပ်မံ ခတ်လိုက်ပြန်သည်။

"တောင်သခင်မို..ဂိုဏ်းချုပ်ရဲ့ ဟောခန်းမကိုအခုချက်ချင်းလာပေးပါ!"

နန်ဝူယွဲ့လည်းအံ့အားသင့်သွားသော် လည်းသူ့ဆရာထက်မြန်ဆန်စွာပြန် ကောင်းသွားခဲ့သည်။

"ရှစ်စွမ်း..ပြန်ဖြေသင့်တယ်ထင်တယ်"

ဘယ်လိုပြန်ဖြေရမှာလဲ?အဲ့ဒါကို စကားပြောရမှာလား?

မိုရိရွှမ်းကကြိုးကြာကိုဆက်ပြီးစိုက် ကြည့်နေမိ၏။ထိုအရာကသူ့အဖြေ အားဒုတိယအကြိမ်မြောက်မှာလည်း မကြားသည့်အခါသူ့အတောင်ပံများ ကိုထပ်ခတ်လိုက်ပြီးနောက်တစ်ခါ ထပ်ပြောရန်ပြင်ဆင်လိုက်သည်။ ဒီတစ်ခေါက်မှာတော့မိုရိရွှမ်းကနန်ဝူယွဲ အော့်ပြောသလိုမျိုးထိုသတ္တဝါအား ထိရန်လုပ်လိုက်၏။

"ခဏ..စောင့်—!""

သူ့လက်ချောင်းများကလေထဲက ထိုဆက်သွယ်ရေးအာရုံခံသတ္တဝါ လေးကိုထိလိုက်သည့်အချိန်မှာပဲ လျှပ်စီးကြောင်းနှင့်တူသောအရာ တစ်ခုဖြစ်သွားပြီးသူ့ကိုအံ့အားသင့် သွားစေခဲ့သည်။ထိုနေရာတွင်အလင်း တန်းများပေါ်သွားပြီးပုံသဏ္ဍာန်နှစ်ခု လုံးကရေပူစမ်းအထက်ကိုတက်၍ ပါးလွှာသောလေထဲထဲသို့တိုးဝင် ပျောက်ကွယ်သွားတော့လေသည်။

နောက်ဆုံးတော့မိုရိရွှမ်းဘေးနားမှ အားပြင်းလှသည့်မီးနှင့်လေများငြိမ် ကျသွားသည့်အချိန်တွင်ပတ်ဝန်းကျင် အသစ်ထဲသို့ရောက်သွားပြီးပြင်းထန် လှသည့်သစ်သားရနံ့များအားရှုရှိုက် လိုက်မိသည်။

ထိုမတိုင်ခင်တွင်ပေါ်လစ်မတင်ထား သည့်ဝူထောင်သစ်သားများဖြင့်ပြု လုပ်ထားသည့်ဟောခန်းမကြီးက အပြင်ဘက်မှဒြပ်ဝတ္ထုများနှင့်နှင်းများ ဖုန်းလွှမ်းနေသောနေရာတွင်ပွင့်လာခဲ့ ၏။ထူးဆန်းသည်မှာအဆောက်အအုံ မှသုံးပေထက်မကဝေးသောနေရာထိ နှင်းများမရောက်ရှိပဲအခန်းတစ်ခုလုံးက သက်တောင့်သက်သာရှိလောက်အောင် ထိနွေးထွေးနေခဲ့တာပဲဖြစ်သည်။ကြီးမား သည့်ရွှေရောင်သစ်သားများနှင့်တာတာမီ အခင်းများကမိုရိရွှမ်းအားကုမ္ပဏီအစည်း အဝေးတစ်ခုမှာသူလည်ပတ်ခဲ့ဘူးသည့် ရိုးရာလက်ဖက်ရည်ဆိုင်အားသတိရမိ စေသည်။

Cultivation Retirement Plan (BL)Where stories live. Discover now