《6》

3.5K 581 5
                                    

Unicode

အခန်း(၆)- အရှည်ကြာဆုံးအိပ်စက်ခြင်း

အိုးရန်ချောကလက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးမှပြန်ဖြေလိုက်သည်။

"အဲ့ဒါကခက်ခဲလိမ့်မယ်..တောင်သခင်တစ်ယောက်အနေနဲ့မင်းမှာဂိုဏ်းအတွက်တာဝန်ယူစရာတွေရှိတယ်...ဒီမှာကအမြဲတမ်းငြိမ်းချမ်းနေတာမဟုတ်ဘူးလေ"

"တံခါးပိတ်ကျင့်ကြံခြင်းရောလုပ်လို့မရဘူးလား?" မိုရိရွှမ်းကအနောက်တစ်ဝက်ဖြင့်ပြောလိုက်၏။

"မင်းရဲ့ဘဝတစ်လျှောက်လုံးဂူထဲမှာပုန်းနေလို့တော့ရပါတယ်ဒါပေမဲ့အဲ့ဒါကိုငါကတော့အသက်ရှင်နေထိုင်တယ်လို့မခေါ်ခြင်ဘူး" အိုးရန်ချောကအလေးအနက်ထား၍ပြောလိုက်သည်။

"အဲ့ဒါကအသက်ရှင်နေတယ်ဆိုတာထက် သချိုင်းဂူထဲဝင်နေတာနဲ့ပိုတူတယ်ဂိုဏ်းချုပ်အကြီးအကဲတွေကတော့အဲ့ဒါနဲ့ပတ်သတ်ပြီးကျေနပ်ရောင်ရဲကျတာကြောင့်တကယ်လို့ မင်းသွားခြင်ရင်လည်းသူတို့ကကြိုဆိုကြမှာပဲဒါပေမဲ့မင်းလုပ်နိုင်ပါ့မလားဆိုတာပဲငါသံသယဝင်မိတာ"

"ဘာလို့မလုပ်နိုင်ရမှာလဲ?" မိုရိရွှမ်းကမေးလိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ငြိမ်းချမ်းခြင်းဆိုတာ ဝယ်ယူရတာမဟုတ်ဘူးရှာဖွေရတာလေ" အိုးရန်ချောကပြန်ဖြေလိုက်သည်။

"မင်းရဲ့စိတ်နှလုံးကအနားမရဘူးပြီးတော့မင်းရဲ့ဝိညာဉ်အားကလည်းပင်ပန်းနေတယ်...မင်းကကျန်တဲ့သူတွေအတွက်ဘာမှမလုပ်ပေးပဲကိုယ့်ဘာသာကိုယ်ပိတ်ထားမယ်ဆိုရင်မင်းအတွေးတွေကမင်းကိုပြန်ပြီးဒုက္ခပေးလိမ့်မယ်"

"ဒါဆိုငါကမ္ဘာကြီးကိုလှည့်ပတ်ကြည့်မယ်ဆိုရင်ရော" မိုရိရွှမ်းကပေါ့ပေါ့တန်တန်ပဲပြောလိုက်သည်။ "ဒါတွေအားလုံးနဲ့ဝေးရာကိုသွားပြီးကျန်တာတွေအားလုံးမင်းတို့ပဲယူလိုက်တော့"

"ကျင့်ကြံတဲအခြေခံတွေကိုနားမလည်ရင်ရော?" အိုးရန်ချောကလှောင်ပြောင်ပြီးဆက်ပြောလိုက်သည်။

"ဒီကမ္ဘာကလူတွေကမင်းကိုရှင်ရက်နဲ့ စားလိမ့်မယ်တကယ်လို့မင်းကတံခါးပိတ် ကျင့်ကြံခြင်းကိုလိုလားတယ်ဆိုရင်လည်း ကြယ်စံအိမ်ဂိုဏ်းထက်ပိုကောင်းတဲ့နေရာကိုရှာဖို့ခဲယဉ်းမှာ...ငါတို့ကငါတို့ရဲ့မြေမှာ မဖြစ်မနေဖြစ်လာမယ့်ခုခံကာကွယ်မှုတွေ
အတွက်ကလွဲရင်အများကြီးတောင်းဆိုတာလည်းမဟုတ်ဘူးလေ...မင်းရဲ့အချိန်အနည်းငယ်ပေးဆပ်မှုကမင်းရှာနေတဲ့အထီးကျန်မှုကိုလွယ်လွယ်ရနိုင်မှာပါ"

Cultivation Retirement Plan (BL)Where stories live. Discover now