《19》

1.5K 286 2
                                    

Unicode

အပိုင်း(၁၉) - Action in Inaction

ကြိုးကြာငှက်လေးများကဝေဟင်မှာပျံဝဲနေကြပြီးသူတို့ရဲ့တောင်ပံများကဖဲကြိုးစများလိုတစ်လွင့်လွင့်ဖြစ်နေသည်။ရှီဖုန်းကမိုရိရွှမ်းကိုလှည့်ပြီးစစ်ဆေးလိုက်သည့်အခါသူ့နှုတ်ခမ်းမှသွေးစများကခြောက်သွေ့နေတာကိုမြင်လိုက်ရ၏။သူကသဘာဝကျကျပဲသူ့လက်ချောင်းကိုပင့်မြှောက်လိုက်ကာသန့်ရှင်းအောင်သုတ်ပေးလိုက်သည်။

"ဒီနေ့ခေတ်လူငယ်တွေကဘာတွေဖြစ်နေကြတာပါလိမ့်...."

စံသတ်မှတ်ချက်မရှိသည့်ရှီဖုန်းသည်မိုရိရွှမ်းရဲ့ဆံပင်များနှင့်အင်္ကျီကော်လံအားသပ်ရပ်သွားအောင်ပြန်ပြုပြင်ပေးလိုက်ပြန်သည်။သွေးတွေစွန်းပေနေတာကိုတော့ဘာမှလုပ်လို့မရပေမယ့်အနည်းဆုံးတော့ဒီလူကသေဆုံးပြီးစုတ်ပြတ်သတ်နေတဲ့ပုံစံထက်စာရင်အိပ်ပျော်ပြီးသန့်ရှင်းနေတဲ့ပုံစံနဲ့တူသွားသည်လေ။

သူ့အလုပ်သူကျေနပ်အားရသွားပြီးနောက်ရှီဖုန်းကမြေပြင်သို့ခြေချလိုက်ပြီးမိုရိရွှမ်းနှင့်အတူကျောက်စိမ်းတိမ်တိုက်တောင်ကုန်းရဲ့အမြင့်ဆုံးသို့ပျံသန်းတက်သွားလိုက်၏။ကောင်းကင်ကပြာလဲ့လဲ့ဖြစ်နေပြီးသူတို့အထက်မှာအနည်းငယ်သောတိမ်လွှာများသာရှိနေသည်။လက်လှမ်းမမှီနိုင်လောက်သည့်မြင့်မားလှသောဘုံအဆင့်နယ်နိမိတ်တစ်ခုလိုမျိုးရွှေရောင်မြူများလွှမ်းခြုံနေလေသည်။

သူ့ခြံဝင်းထဲကိုရောက်သည်နှင့်ဘေးမှအမျိုးသားလေးအားလက်နှစ်ဖက်မှကိုင်၍အိမ်ထဲကတစ်လုံးတည်းသောအိပ်ယာပေါ်သို့လဲလျောင်းစေလိုက်သည်။ထို့နောက်မိုရိရွှမ်းရဲ့ညာဘက်လက်ကိုယူလိုက်၍သူ့လက်နှစ်ချောင်းအားလက်ကောက်ဝတ်သို့တင်ကာသွေးကြောစမ်းလိုက်ရင်းသူ့ကိုယ်ထဲကသွေးနဲ့ချီကိုအာရုံခံလိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ....."

ရှီဖုန်းရဲ့အသံကအနည်းငယ်ပျော့ပြောင်းနေသော်လည်းသူ့မျက်လုံးများကတော့ကျေနပ်အားရမှုများနဲ့တောက်ပနေသည်။အမျိုးသားလေးရဲ့အင်္ကျီလက်ကိုပြန်ချပေးလိုက်သည့်နောက်သူ့ညာဘက်လက်ခလယ်တါင်ကျောက်စိမ်းလက်စွပ်တစ်ကွင်းကိုတွေ့လိုက်၏။

Cultivation Retirement Plan (BL)Where stories live. Discover now