《38-2》

542 76 2
                                    

Unicode

အခန်း(၃၈ - )

"ကျွန်တော်တို့တွေ အလုပ်သမားတွေကိုလည်း စစ်ထုတ်လို့တာပဲ" နန်ဝူယွဲ့က ထပ်ပေါင်းပြောသည်။

"အကယ်၍ ဆုသခင်မကြီးသာ ဆုအိမ်တော်မှာပဲ နေတယ်ဆိုရင် သူတို့က သူမနဲ့ လုံးဝအဆက်အသွယ် ရှိမှာမဟုတ်ဘူး, ဒါဆို ပိုင်သခင်မ ကျန်သေး—"

"လုံးဝပဲ" ဆုရှီမုံက ချက်ချင်းသူ့ကို ဖြတ်ချသည်။

"မမကြီးက ငါတို့မိသားစုကို အရမ်းဂရုစိုက်တယ်, ငါ့အမေ နေမကောင်းတာတောင် သူမပဲ ဂရုစိုက်ပေးတာ!" တစ်ခြားနှစ်ယောက် ဖြတ်မပြောနိုင်ခင်မှာ သူက ထပ်ပေါင်းပြောလေသည်။

"ပြီးတော့, ငါ့အကိုလည်း အတူတူပဲ— အသုံးမပြုတဲ့ ကျောက်စိမ်းတွင်းထဲမှာ လက်ကောက်ကိုဘာလို့ ပစ်ချခဲ့ရမှာလဲ? မြစ်ထဲတို့ဘာတို့ကို ပစ်ထုတ်တယ် ဆိုရင်တောင် ပိုပြီး ဖြစ်နိုင်သေးတယ်!"

အခုအချိန်မှာတော့ မိုရိရွှမ်း၏ စူးစမ်းလိုစိတ်က မသေချာတဲ့ ယူဆချက်တစ်ခုအဖြစ် ကြီးထွားလာခဲ့သည်။

"ကလေး" သူက စကားစလိုက်၏။"စွန့်ပစ်ခံရတဲ့ တစ္ဆေကလေး—"

"အိုး, လာစမ်းပါ!" ဆုရှီမုံက ညည်းညူသည်။

"သရဲတစ္စေတစ်ကောင်က လက်ကောက်ကို ဆုအိမ်တော်ဆီက ယူလာပြီး ဒီတောင်ကုန်းပေါ်မှာ လာပစ်တယ်လို့ ပြောတာတော့ မဟုတ်ပါဘူးနော်?"

"ရှစ်စွမ်းပြောတာ အဲ့ဒီသဘောမဟုတ်ဘူး" နန်ဝူယွဲ့သည်လည်း စကားစကို ဖမ်းမိသည်။

"တစ္စေတွေက သူတို့သေဆုံးတဲ့နေရာမှာ ခြောက်လှန့်ကြတယ်, အကယ်၍ ဒီနေရာမှာ တကယ်ပဲ စွန့်ပစ်ခံထားရတဲ့ ကလေးဝိညာဉ် ရှိတယ်ဆိုရင် ဒီဂူထဲမှာပဲ သေသွားခဲ့တာ ဖြစ်နိုင်တယ်"

ရုတ်တရက် မိုရိရွှမ်းက သူ့တပည့်ကို ကြည့်လိုက်သည်။

"နန်ဝူယွဲ့, မြေပြင်......."

"ကျွန်တော်ချက်ချင်း တူးကြည့်လိုက်ပါ့မယ်"

သူတို့ရဲ့ချီများကြောင့် တစ်စုံတစ်ရာ ထပ်ဖြစ်မှာ စိုးရိမ်ပြီး နန်ဝူယွဲ့က ချက်ချင်းပင် ဂူပေါက်ဝကို ပိတ်ဆို့နေသည့် သစ်သားကျိုးတစ်ချောင်းကိုယူ၍ သူ့အင်္ကျီလက်ကို လိပ်တင်ပြီး စတင်တူးဆွတော့သည်။

Cultivation Retirement Plan (BL)Where stories live. Discover now