《32》

1.1K 191 7
                                    

Unicode

အခန်း(၃၂) -အလှတရားအား အယူခံဝင်ခြင်း

မိုရိရွှမ်းက မျက်မှောင်ကျုံ့လိုက်သည်။

"ငါပြောတာက, ဘာကမင်းကို ဒိလောက် ဆွဲဆောင်မှု ရှိစေတာလဲလို့?"

"ခင်ဗျားဘာကို ဆိုလိုချင်နေတာလဲ?!" ဆုရှီမုံရဲ့ လေသံထဲမှာ ဒေါသသံပါဝင်နေသည်။

"ခင်ဗျား, ကျွန်တော်—!"

"မင်းက ဂိုဏ်းချုပ်ရဲ့ အတွင်းစည်း တပည့်တစ်ယောက် ဒါပေမဲ့ Iridescent Radiance ဂိုဏ်းမှာက ကျောက်စိမ်းလဲလှယ်မှုထက် ပိုကြီးတဲ့အရာတွေ ရှိနေတယ်" မိုရိရွှမ်းက တည်ငြိမ်စွာပဲ စကားဆက်သည်။

"မင်းက ဆုမျိုးနွယ်စုရဲ့ အမွေကိုဆက်ခံမှာလည်း မဟုတ်ဘူး ပြီးတော့ မင်းရဲ့ကျန်တဲ့ ဘဝသက်တမ်းက လူသားတွေနဲ့ အဝေးမှာ ကျင့်ကြံသူတစ်ယောက် အဖြစ်ပဲနေဖို့ သတ်မှတ်ပြီးသား"

"လိုရင်းပြော" ဆုရှီမုံက အသံကုန်ဖြင့် ဟန့်တားလိုက်သည်။

"အမှန်ပဲ" မိုရိရွှမ်းက စတင်ပြီး အကျဉ်းချုံးလိုက်သည်။

"မင်းကဒီက ဘဝပုံစံနဲ့ အံဝင်ခွင်ကျမှု မရှိဘူး, အလယ်ပိုင်းဘုံက တာအိုအဖော်နဲ့ပဲ ပိုပြီး သင့်တော်လိမ့်မယ်"

မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ဒါက လုံးဝတိုက်ရိုက်ကြီး ဖြစ်နေတယ်!

ဆုရှီမုံသည် သူ့တစ်ကိုယ်လုံး နီရဲလာသည်ကိုပင် ခံစားလို့ရနေပြီး တစ်ဖက်လူအား ပေစောင်းစောင်းဖြင့် ကြည့်မိသည်။

"ဘာကိုပြောဖို့ ကြိုးစားနေတာလဲ?"

"မင်းကအရမ်းလှလွန်းနေတယ်" မိုရိရွှမ်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

"ငါဆုသခင်မကြီးကို ကိုယ်တိုင် မြင်ဘူးတယ် ဒါပေမဲ့ သူမရဲ့ငယ်ရွယ်စဉ် နှစ်တွေမှာတောင် မင်းကို ယှဉ်နိုင်မယ် မထင်ဘူး, မင်းရဲ့ပုံစံက ကမ္ဘာကြီးထက် ကျော်လွန်နေတယ်"

ဒုတ်-ဒုတ်

"အဲ့ဒါ-အဲ့ဒါက ကျင့်ကြံသူတိုင်းအတွက် အမှန်တရားပဲ မဟုတ်ဘူးလား?"

Cultivation Retirement Plan (BL)Where stories live. Discover now