《27》

1.2K 208 6
                                    

Unicode

အပိုင်း(27) - ပိုင်အမျိုးသမီးကလမ်းခင်းပေးသည်

မိုရိရွှမ်းနဲ့နန်ဝူယွဲ့တို့ကြည့်နေဆဲအချိန်မှာပင်ရထားလုံးမောင်းသမားကမြင်းဇာတ်ကြိုးကိုဆွဲပြီးရပ်တန့်စေလိုက်သည်။ခဏအကြာမှာရထားထဲတွင်စီးပြီးပါလာသည့်အဝါရောင်တောက်တောက်ဂါဝန်အားဝတ်ဆင်ထားသောအစေခံမိန်းကလေးတစ်ယောက်ကမြေပြင်ပေါ်သို့ဆင်းလာသည်။သူမကစားပွဲခုံရှိရာကိုလှမ်းလာသည်အားမြင်သည့်အခါမှာလက်ဖက်ရည်ဆိုင်ပိုင်ရှင်ကသူမကိုချက်ချင်းနှုတ်ဆက်သည်။

"ဂုဏ်သရေရှိတဲ့ဧည့်သည်ကထိုင်ခုံများလိုအပ်လို့ပါလားခင်ဗျာ?"

သူကမေးသည်။သူ့စကားလုံးများကရထားလုံးထဲမှာရှိနေဆဲဖြစ်သည့်သူအတွက်ရည်ရွယ်ကြောင်းသိသာထင်ရှားလှ၏။

"ဒီနေ့တော့မဟုတ်ဘူး,ကျေးဇူးတင်ပါတယ်" အစေခံမိန်းကလေးကယဉ်ကျေးစွာဦးညွှတ်လိုက်ပြီးနောက်မိုရိရွှမ်း၏စားပွဲရှိရာသို့တည့်တည့်လျှောက်သွားသည်။

တာအိုနှစ်ယောက်ကသူမ,သူတို့ရှေ့မှာရပ်လိုက်ပြီးယဉ်ကျေးစွာစကားဆိုလာသည်အားကြည့်နေကြသည်။

"ကောင်းသောနေ့လည်ခင်းပါရှင်,ဒီဘက်ကတာအိုအရှင်သခင်နှစ်ယောက်ကအလယ်ပိုင်းဘုံကနေရောက်လာတဲ့သူတွေဟုတ်မဟုတ်ကိုကျွန်မရဲ့သခင်မကမေးမြန်းဖို့အတွက်ညွှန်ကြားလိုက်လို့ပါ"

မိုရိရွှမ်းကခေါင်းညိတ်လိုက်သောအခါအစေခံမိန်းကလေးပုံစံကတောက်ပသွားပြီးသူတို့ကိုနောက်တစ်ဖန်ဦးညွှတ်လိုက်ပြီးနောက်ပိုးသားအိတ်တစ်ခုကိုထုတ်လာသည်။

"ကျွန်မရဲ့သခင်မကဒီလက်ဖက်ရည်ဆိုင်မှာစားသုံးတဲ့ကုန်ကျငွေကိုပေးချေပေးဖို့အတွက်ကမ်းလှမ်းလိုက်ပါတယ်,အကယ်၍များတာအိုအရှင်နှစ်ယောက်ကသူမနဲ့အတူသီးသန့်ဆွေးနွေးမှုလေးများလုပ်ပေးလို့ဖြစ်မလားရှင့်?"

နန်ဝူယွဲ့ကသူမကိုသံသယဝင်စွာကြည့်မိသော်လည်းမိုရိရွှမ်းကမတ်တပ်ထရပ်နေပြီးနေပြီဖြစ်သည်။

"ဒီလိုအသေးအဖွဲကိစ္စအတွက်ပေးစရာမလိုအပ်ပါဘူး,ကျုပ်တို့သူမနဲ့လာတွေ့ပါ့မယ်"

Cultivation Retirement Plan (BL)Where stories live. Discover now