《18》

1.7K 306 6
                                    

Unicode

အပိုင်း(၁၈) - By the Whims of the Wind

ကျင့်ကြံသူများသည်အဆင့်တစ်ခုဆီမြင့်တင်ခြင်းဖြင့်သူတို့ရဲ့ခန္တာကိုယ်အားသန့်စင်ပြီးအင်အားတိုးတက်အောင်လုပ်ဆောင်ကြသည်။အရိုးများကသံမဏိလိုသန်မာလာမည်၊အသားအရည်ကနူးညံ့ချောမွေ့၍ကြည်လင်လာမည်၊ဒါ့အပြင်အာရုံငါးပါးသည်လည်းပိုပြီးကောင်းလာလိမ့်မည်။

တိုးတက်လာမှုတိုင်းရဲ့အခြခံအဓိကသော့ချက်နှစ်ခုရှိသည်:သူတို့ရဲ့ရွှေအမြူတေကိုသိမ်းဆည်းပေးသည့်ဝမ်းဗိုက်ပိုင်းမှဒန်တျန်နှင့်သူတို့ရဲ့ယုံကြည်ချက်နှင့်အတူခုန်လှုပ်သည့်တာအို-ဉာဏ်အလင်းနှလုံးသား

ရွှေအမြူတေကကျင့်ကြံသူတွေကိုခွန်အားပေးပြီးခန္တာကိုယ်ထဲကချီစွမ်းအင်ကိုဖန်တီးတာရောသိမ်းဆည်းပေးတာပါပြုလုပ်ပေးသည်။သူတို့ကရုပ်ပိုင်းဆိုင်ရာအစွမ်းသတ္တိကိုပေးစွမ်းနိုင်သည်။

တာအိုနှလုံးသားကတော့ကျင့်ကြံရေးလမ်းကြောင်း၏စည်းမျဉ်းများနဲ့နည်းလမ်းများကိုအလွယ်ကျက်,မှတ်ထားပေါင်းစည်းထားခြင်းဖြစ်သည်။သူကတော့ဦးနှောက်ဉာဏ်ရည်ကိုပေးစွမ်းသည်။

တစ်ခုချင်းစီတိုင်းမှာလည်းဆိုးဝါးသောအားနည်းချက်များရှိပြန်သည်။ကျင့်ကြံသူတစ်ယောက်အတွက်အမြူတေပျက်စီးသွားရင်ဘယ်တော့မှသန်မာတော့မှာမဟုတ်သလိုမတည်ငြိမ်တဲ့နှလုံးသားရှိရင်လည်းသူတို့အနေနဲ့ရွှံနွံထဲကျဆင်းသွားသလိုမျိုးသို့မဟုတ်ကျင့်ကြံဖို့အတွက်စိတ်အခြေအနေကရူးနှမ်းသလိုဖြစ်သွားတာဖြစ်နိုင်သည်။

သူတို့လမ်းကြောင်းတွေကလှည့်ကွက်မြှုပ်ကွက်မပါသည့်ကျဉ်းမြောင်းသောလမ်းကြောင်းတစ်ခုသာ:ဉာဏ်အလင်းပွင့်နိုင်ရန်အတွက်တစ်ယောက်ကအဆုံးထိရောက်နိုင်မှဖြစ်မည်။

အိုးရန်ချောမှာတော့နှဖူးမှချွေးများထွက်လာသည်ကိုပင်ခံစားနေရသည်။မိုရိရွှမ်းကဓားအစွန်းမှာရောက်နေတယ်ဆိုတာကိုအရူးတောင်မပြောပဲသိနိုင်သည်။

သူ့ရဲ့လက်ရှိပြန်ကောင်းနိုင်တဲ့စွမ်းရည်နဲ့ဆိုရင်သူ့တာအိုနှလုံးသားအားထုတ်ယူလိုက်ခြင်းသည်သူ့အသက်ကိုတော့မယူသွားနိုင်ပေ။

Cultivation Retirement Plan (BL)Where stories live. Discover now