《4》

4.7K 660 5
                                    

Unicode

အခန်း(၄) - ဂျူနီယာညီမလေး၊ စီနီယာအကိုကြီး

မုရီလျှန်ရဲ့ပုံစံကကျင့်ကြံရေးဂိုဏ်းမျိုးတွင်တွေ့ရတတ်သည့်'ဂျူနီယာညီမလေး'ဟူသည့်ဂုဏ်ပုဒ်နှင့်ညီမျှသောငယ်ရွယ်လှပပြီးသေးသွယ်သည့်ပုံစံမျိုးဖြစ်သည်။တကယ်လို့သူတို့ကအမျိုးသမီးဇာတ်လိုက်မဟုတ်ဘူးဆိုရင်အပိုသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမျိုးတွင်လူဆိုးနေရာမှာနေကြရသည့်အဖြည့်ခံလေးများ၏ပုံစံမျိုးသို့မဟုတ်ဒီအတိုင်းမျက်စိအစာကြွေးဖို့အတွက်ထည့်တတ်သည့်ဇာတ်ကောင်လေးများ၏ပုံစံဖြစ်သည်။သူမတွင်ရှည်လျားပြီးဖြောင့်စင်းနေသည့်ဆံနွယ်များ၊ကြီးမားသည့်ဗာဒံစေ့ပုံစံမျက်လုံးလေးများနှင့်ချစ်စရာကောင်းပြီးလုံးဝန်းသည့်မျက်နှာကျပုံတို့ကြောင့်သူမရဲ့အားလုံးထဲတွင်အမြင့်ဆုံးတောင်သခင်တစ်ယောက်ဆိုသည့်အဆင့်အတန်းအားဖယ်လိုက်ရင်ကလေးဆန်သည့်မျက်နှာလေးရှိနေသေးသည်။

သူမရဲ့သင်ကြားမှုအောက်မှာရှိတဲ့တပည့်များစွာသည်ကျောင်းသားများအစားသူမရဲ့အစ်မများနှင့်ပိုတူနေသော်လည်းမုရီလျှန်သည်စွမ်းအားအရပြောရရင်တော့သူတို့အားလုံးထက်များစွာကျော်လွန်နေလေ၏။

သူမမိုရိရွှမ်း၏လက်မောင်းအားလှမ်းဖမ်းဆွဲလိုက်သည်နှင့်ပြဲနေသောဝတ်ရုံအနားစအားတွေ့သွားတော့သည်။

"အကို့အင်္ကျီလက်စပြဲနေတယ်"

မိုရိရွှမ်းကထိုအဖြစ်အားလုံးဝကိုမေ့နေသော်လည်းသူအခုချိန်မှာတော့ဂရုမစိုက်ခြင်တော့ပေ။

"တောင်သခင်မမု....ကျွန်တော်ဒီကိုတောင်းဆိုခြင်တာတစ်ခုရှိလို့လာခဲ့တာပါ"

"ဘာလို့ညီမကိုဒီနေ့ဂျူနီယာညီမလေးလို့မခေါ်တာလဲ?" မုရီလျှန်ကချက်ချင်းပင်ကန့်ကွက်ပြောတော့သည်။

မိုရိရွှမ်းကသူ့နှဖူးကြောများကိုတွန့်ချိုးလိုက်မိတော့၏။

နန်ဝူယွဲ့ကတကယ်ကိုသူ့စိတ်ကိုအနှောင့်အယှက်ဖြစ်စေတဲ့လက္ခဏာပဲ..မျှော်လင့်ထားတဲ့အတိုင်းသူ့ရဲ့နောက်စကားလုံးကလွဲချော်သွားပြန်ပြီ

Cultivation Retirement Plan (BL)Where stories live. Discover now