《11》

3.4K 535 14
                                    

Unicode

အခန်း(၁၁) - Food for Thought

အိုးရန်ချော၏ရုတ်တရက်
ထိတ်လန့်စရာမေးခွန်းကို
ပြန်ပြောဆိုနိုင်ရန်လေးစက္ကန့်မျှ ကြာမြင့်လိုက်ပြီးမိုရိရွှမ်းကတော့ ထိုအရာအားလုံးကိုစကားတစ်ကြောင်း ထဲနဲ့သာပိတ်ပြောလိုက်သည်။

"မင်းက...စားဖို့မလိုအပ်ဘူး"

အိုးရန်ချောကိုယ်တိုင်ပဲသူ့ကို သင်ပေးခဲ့တာဖြစ်သည်: အဆင့်မြင့်ကျင့်ကြံသူတိုင်း ပုံမှန်စားဖို့သောက်ဖို့လိုအပ်တဲ့ အဆင့်ကိုကျော်လွန်နိုင်ပြီးကြယ် စံအိမ်ဂိုဏ်းရှိတောင်သခင်အားလုံး ထိုသို့လုပ်ရန်အရည်အချင်း ုပြည့်မှီကြသည်ဟု...

"လိုအပ်တာနဲ့လိုခြင်တာက အလွန်ကိုကွဲပြားတဲ့အရာနှစ်ခုပါကွာ"

အိုးရန်ချောကလေပြေလေးနှင့် ပြောလိုက်ပြီးမိုရိရွှမ်းအနားယူခဲ့သည့် ကျောက်တုန်း၏ဘေးမှာဝင်ထိုင်လိုက်သည်။

"ငါမင်းချက်ပြုတ်ကိုမမြင်ခဲ့ရတာက..... အိုး....လွန်ခဲ့တဲ့နှစ်တစ်ရာဒါမှမဟုတ် အဲ့ဒီထက်ကျော်မယ်ထင်တယ်.... အခုချိန်ထိဘယ်လိုချက်ရမလဲဆိုတာ မှတ်မိသေးတယ်ပေါ့လေ?"

မိုရိရွှမ်း၏နှုတ်ခမ်းများရှုံ့တွ သွားရတော့သည်။

.......

နာရီအနည်းငယ်အကြာတွင် သူတို့သုံးဦးသည်နေ့လည်စာစားရန် အဆင်သင့်ဖြစ်နေကြပြီးခြံဝင်းထဲရှိူ စားပွဲပတ်လည်တွင်ထိုင်နေကြသည်ကို တွေ့ရသည်။နန်ဝူယွဲ့ရဲ့ကိုယ်တာက တော့ရိုးရှင်းသည်:ထမင်းမောက်မောက်ထဲ တွင်အတုံးကြီးကြီးတုံးထားသည့် ဝက်သားနှင့်ပဲစိမ်းကြော်၊ ခရမ်းချဉ်သီးနှင့်ကြက်ဥရောထားသည့် စွပ်ပြုတ်တစ်ပန်းကန်ဖြစ်သည်။

အိုးရန်ချောကကောင်လေး၏ ပန်းကန်ကိုစိုက်ကြည့်လိုက်ပြီးမှ သူ့ပန်းကန်သူပြန်ကြည့်လိုက်သည်။

"ဒါကဘာလဲ?"

သူမြင်တာကတော့အနီရောင် ဆော့စ်ဖြင့်ဖုန်းအုပ်ထားသည့် အဖြူရောင်အလုံးရှည်ရှည်လေးများသာ..

" တော့ပိုကီ"

(T/N - သူတို့ကတရုတ်တွေဆိုတော့ တော့ပိုကီလို့တော့မခေါ်ပါဘူး rice cake(ဆန်ကိတ်)လို့ပဲခေါ်တာပါဒါပေမဲ့ညီမတို့ပိုရင်းနှီးတဲ့စကားလုံးကိုပဲသုံးလိုက်ပါ့မယ်)

Cultivation Retirement Plan (BL)Where stories live. Discover now